About Me !

Mandalay, Buddhist, Myanmar (Burma)
I don't know who I am . Do U know Who I am !??

Thanks u for visiting my blog !! Leave comments !

Warmly welcome my friends !! I will appreciate ur comments and bear in my mind ur kindness and friendship !! :D Thanks U all ! I will do my blog my best !!

Saturday, December 1, 2007

A girl & A boy

.....One day , a woman told her daughter " When ur boyfriend try to put his hand into ur bra , u must tell him Don't ! And when he try to put his hand to ur pussy , tell him Stop !". Then 3 days later, the girl came back home in torn clothes. When her mother saw her, . " What happened to u ?? Didn't u tell him what i told u !??? " cried the mother. And the daughter said " Mom, I don't know what should i tell cos he put his hands into my bra and my pussy at the same time. So I said don't stop , don't stop ! "

Read More...

Saturday, September 22, 2007

Me And My Blog

ကျွန်တော် blog စရေးဖြစ်တဲ့အဓိက တရားခံကတော့ တေဇာဝင်း ဆိုတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းကြောင့်ဖြစ်ပါတယ် ။ တစ်နေ့ သူနဲ့ကျွန်တော် gtalk မှာတွေ့တော့ သူက ကျွန်တော့်ကို သူ့ရဲ့ blog address ကိုပေးပါတယ်။ ကျွန်တော်လည်း ၀င်ကြည့်တယ် ။ ဘာဘာညာညာပေါ့ ။ ကိုယ်သိသလောက်လေးတွေ ၊ ကိုယ့်ခံစားချက်လေးတွေကို blog ပေါ်ကိုတင်ချင်လာတယ် ။ အဲဒီမှာ blog ပိုးဟာ ကျွန်တော့်ကိုယ်ထဲကို စီးဝင်နေပြီ ။အဲဒါနဲ့ တေဇာဝင်း ကို အပူကပ်ပြီး တော့ blog လုပ်နည်းကိုအစ်တော့တယ် ။ အဲဒီကောင်ကလည်းမညည်းမငြူပြောပြပါတယ် ။ အဲဒါကကျွန်တော့် blog ရဲ့ခြေလမ်းအစပေါ့ ။နောက်တော့အခက် အခဲတွေတွေ့တယ် ။ သူကကျွန်တော့်ကို အတော်ကိုကူညီပါတယ် ။ ကျွန်တော့် blog က blog ပေါက်စဖြစ်လာချိန်မှာ မန္တလေးမှာ World Blog Day အတွက် Blog For All seminar ကိုကျင်းပပါတယ်။ ကျွန်တော်လည်း သူ့ကျေးဇူးကြောင့် ထိုပွဲကို blogger တစ်ယော်ကအဖြစ်သွားနိုင်ခဲ့တယ် ။ အဲဒီပွဲပြီးတဲ့နောက် ကျွန်တော်အသိတွေအများကြီးရခဲ့တယ် ။ ကျွန်တော့် blog အဲဒီတော့မှ အတော်ကလေးကို လိုသေးကြောင်းသိရတယ် ။ အဲဒီပွဲကိုဦးစီးကျင်းပသူများထဲမှ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ ဆာဘ ကလည်း ကျွန်တော့်ကိုနောက်ပိုင်းအတော်ကိုပြောပြခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ ကျွန်တော့ blog ကအတော်ကိုအခြေနေကောင်းလာပါတယ်။ ဒါပေမယ့် အတော်ကိုလိုအပ်နေတာကိုတွေ့ရပါတယ် ။ ကျွန်တော်လည်းအတတ်နိုင်ဆုံးကြိုးစားဆဲပါ ။ သြော်.. ကျွန်တော်ပြောဖို့တစ်ခုကျန်ခဲ့ပါတယ် ။ ကျွန်တော့် ရဲ့ blogger ညီအစ်ကိုမောင်နှမတွေကလည်း အကူအညီတစ်ချို့ပေးခဲ့ပါသေးတယ် ။ ကျွန်တော့်ကို ကူညီခဲ့သူများ (ကျွန်တော်ဧ။်ကျေးဇူးရှင်များ) ကိုဒီပို့စ်လေးနဲ့ ကျေးဇူးတင်ကြောင်း ပြောပါရစေဗျာ .

Read More...

Thursday, September 20, 2007

Pre Face

ကျွန်တော်ဒီလိုဖြစ်ရပ်မှန်ဝတ္တုတိုလေးတွေမရေးခင်မှာချင်တာလေးတွေရှိပါတယ် ။ ကျွန်တော်အခုရေးမယ့်ဝတ္တုက(နောက်တင်မယ့်ပို့စ်က) လုပ်ကြံဇာတ်လမ်းမဟုတ်ပါဘူး ။ ကျွန်တော်ကိုယ်တိုင်ကြုံခဲ့တဲ့ သူငယ်ချင်းမပီသတဲ့ သူငယ်ချင်းတွေအကြောင်းပါ။ နာမည်များလည်းမတူပါဘူး ။ ကျွန်တော့်စိတ်ကူးထဲက နာမည်များသာဖြစ်ပါတယ် ။ တိုက်ဆိုင်မှု့ရှိလျှင်ခွင့်လွတ်ပေးကြပါလို့။ နောက် ကျွန်တော်က စာရေးဆရာလည်းမဟုတ်ပါဘူး ။ ဒီပို့စ်လေးကို ကျွန်တော့်ဘ၀ရဲ့အမှတ်တရအဖြစ်တင်ရတာပါ. စာရေးဟန်မလှတာတွေ လှတာတွေကျွန်တော်နားမလည်ပါဘူး ။ အားလုံးကို အနည်းဆုံးအပျင်းပြေစေမယ်ဆိုလျှင် ကျွန်တော် ဒီပို့စ်ကိုတင်ရကျိုးနပ်ပါပြီ ။

Read More...

Friday, September 14, 2007

Warning

ဒီနေ့ကျွန်တော့်ရဲ့အဖြစ်လေးကို နဲနဲလောက်ပြောပြချင်ပါတယ် ။ ကံကောင်းလို့မသေကောင်းပျောက်ကောင်းဗျာ ။ ဒီနေ့ကျွန်တော်ကို ကျွန်တော့်အစ်ကိုက ကျူရှင်လိုက်ပို့တယ်။ ကျူရှင်ကို ဆိုင်ကယ်နဲ့ ၃၁ လမ်းကနေသွားတယ် ။အဲဒီလိုအသွားမှာ ကောင်မလေးတစ်ယောက် (ကျောင်းသူလေးပါ ၊ ၃-တန်းလောက်ပဲရှိမှာပါ) လမ်းမကိုသေချာမကြည့်ပဲရုတ်တရက် လမ်းမပေါ်ကိုထွက်လာတယ် ။ ကျွန်တော်တို့ ဆိုင်ကယ်ကလည်း သာမန်လောက်ပဲမောင်းလာလို့တော် သေးတာပေါ့ဗျာ ။ ခြေထောက်ကိုတိုက်မိသွားတယ် ။ ဒါပေမယ့်ဘာမှမဖြစ်လို့တော်သေးတာပေါ့ဗျာ ။ မဟုတ်လို့ကတော့ ဒီကကောင်တွေ မော်စကို ကိုရောက်နေလောက်ပြီ ။ ကျွန်တော်ပြောချင်တာက မိဘတွေက ကိုယ့်သားသမီးတွေကို လမ်းမပေါ်မှာဒီအတိုင်းပဲ လွတ်ထားကြတယ်ဗျာ ။ ၃-တန်းဆိုတဲ့အရွယ်က ကလေးပဲရှိသေးတယ် ။ ပြီးတော့ ဘာမှသိပ်ပြီးသိသေးတဲ့အရွယ်မဟုတ်သေးဘူး ။ နောက်ပြီး ကျွန်တော်တို့ ဆိုင်ကယ်မောင်းတဲ့သူတွေအနေနဲ့လည်း သတိနဲ့မောင်းတော့ တော်ရုံဆို ဘာမှမဖြစ်တော့ဘူးပေါ့ဗျာ ။ ကျွန်တော်အဲဒီလိုဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးကို နမူနာယူစရာရှိယူရအောင် ပြောပြတာပါ ။

Read More...

Wednesday, September 12, 2007

Genius Solutions !!

... ပညာရှင်များက ဒီလိုတွက်ကြပါတယ် ။ :D မိတ်ဆွေတို့လည်း နည်းယူလို့ရတာပေါ့ဗျာ ။ သူငယ်ချင်းတစ်ယောက်က mail ထဲကိုပို့လိုက်တာ သဘောကျလို့ တင်လိုက်တာပါ ။ :D

Read More...

Tuesday, September 11, 2007

Views

... မန်းမြို့အနီးတစ်ဝိုက်က ရှု့ခင်းများကိုတင်ပြလိုက်ပါတယ်ဗျာ ။

ဒီရွာလေးကအတော်သာယာတယ်ဗျာ။ အဲဒါကျွန်တော့်အစ်ကိုသွားလည်တာ ။ မန္တလေးနားကပဲဗျ ။ ကျွန်တော်သေချာပြန်မေးလိုက်အုံးမယ် ။ ကျွန်တော်လည်းသွားလည်မလို့ ။
လူသွားလမ်းလေး ။ မိုက်တယ်နော် !
ကျေးလက်ဆည်းဆာ ။ သဘာဝဆည်းဆာအလှပေါ့ ။
မန္တလေးနားကရွာလေးပဲဗျ ။ ကျွန်တော်တော့မရောက်ဖူးသေးဘူး ။
ဒီပုံတွေက ကျွန်တော့်အစ်ကို လျှောက်လည်တုန်းကရိုက်ခဲ့တာဗျ ။ ကျွန်တော်တစ်ချို့နေရာတွေမသိဘူး ။ ဒါပေမယ့် ဒီရှု့ခင်းလေးတွေက လှတော့ ကျွန်တော့်ဘော်ဘော်တွေလည်း ခံစားရအောင်လို့ တင်လိုက်တာပါ ။

Read More...

Views Of Mandalay - 2

ရွေမန်းတောင်နှင့် မန်းကျုံး
ရွေမန်းတောင်ပေါ်မှ(အရှေ့တောင်ဖက်သို့)
ရွေမန်းတောင်ပေါ်မှ(အနောက်မြောက်ဖက်သို့)
လွမ်းမောဖွယ်ရာတောင်တန်းပြာ
စစ်ကိုင်းတံတားနှင့်စေတီများ

Read More...

The World

လောကကြီးကတစ်ကယ်မမျှတဘူးဗျာ ။ ကျားကိုသတ်တော့ လူတွေကောင်းဖို့အမဲလိုက်တယ်တဲ့ ။ ကျားကပြန်သတ်တော့ ကျားဆိုးတယ်တဲ့ ။ ဆရာဝန်တွေ ပါရဂူတွေ သုသေတီတွေက စပ်စုတော့ ရှာဖွေတာတဲ့ သာမန်အရပ်သူ အရပ်သားတွေ စပ်စုတော့ စပ်စုတယ်တဲ့ ။ ကိုယ့်ဘာသာကို အေးအေးဆေးဆေး လူတွေနဲ့ အရောမ၀င်တော့ မာနကြီးတယ်တဲ့ ။ ရောရောနှောနှောနေပြန်တော့ ငပေါကြီးတဲ့ ။ လုပ်စရာရှိတာတွေကိုကိုယ့်ဘာသာကိုလုပ်တော့ ချီးကျူးခံရအောင် ဟန်ဆောင်နေတာတဲ့ ။ ဘာမှမလုပ်ပဲ ရေသာခိုတော့လည်း ငပျင်းတဲ့ ။ ဘာလုပ်လုပ် ဘယ်လိုနေနေ အပြောမလွတ် အပြစ်မလွတ်တော့ ဘာလုပ်ရမယ် ကျွန်တော်လည်းမသိတော့ဘူးဗျာ။

Read More...

.ကျွန်တော်က လူတွေကို အကျိုးပြုမယ့် မီးပုံလေးတစ်ခုကိုမွေးခဲ့တယ် ။ အဲဒီမီးပုံလေးဘေးကို ကျွန်တော့်သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ခဲ့တယ် ။ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော်နဲ့မသိတဲ့ သူတို့ရဲ့သူငယ်ချင်းတွေကိုလည်း ထပ်ပြီးတော့ ဖိတ်ခေါ်ခဲ့တယ် ။ အခုတော့ ... မီးပုံလေးဘေးမှာ လူတွေအရမ်းများသွားပြီ။ မီးပုံလေးအတွက်... မီးပုံလေးအတွက်အန္တရာယ် ဖြစ်နိုင်တယ် ။ နောက်ဆုံးတော့ အလိုက်သတိနဲ့ ကျွန်တော်ကိုတိုင်ပဲ မီးပုံလေးကိုငြိမ်းသတ်လိုက်ပါတယ် ။ မီးပုံလေးရေ.... ငါ့ကိုခွင့်လွတ်ပါကွာ ..။ အနာဂတ်တစ်နေရာမှာ ပြန်ဆုံပါရစေလို့ ဆုတောင်းရင်း......... ။

Read More...