About Me !

Mandalay, Buddhist, Myanmar (Burma)
I don't know who I am . Do U know Who I am !??

Thanks u for visiting my blog !! Leave comments !

Warmly welcome my friends !! I will appreciate ur comments and bear in my mind ur kindness and friendship !! :D Thanks U all ! I will do my blog my best !!

Saturday, December 1, 2007

A girl & A boy

.....One day , a woman told her daughter " When ur boyfriend try to put his hand into ur bra , u must tell him Don't ! And when he try to put his hand to ur pussy , tell him Stop !". Then 3 days later, the girl came back home in torn clothes. When her mother saw her, . " What happened to u ?? Didn't u tell him what i told u !??? " cried the mother. And the daughter said " Mom, I don't know what should i tell cos he put his hands into my bra and my pussy at the same time. So I said don't stop , don't stop ! "

Read More...

Saturday, September 22, 2007

Me And My Blog

ကျွန်တော် blog စရေးဖြစ်တဲ့အဓိက တရားခံကတော့ တေဇာဝင်း ဆိုတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းကြောင့်ဖြစ်ပါတယ် ။ တစ်နေ့ သူနဲ့ကျွန်တော် gtalk မှာတွေ့တော့ သူက ကျွန်တော့်ကို သူ့ရဲ့ blog address ကိုပေးပါတယ်။ ကျွန်တော်လည်း ၀င်ကြည့်တယ် ။ ဘာဘာညာညာပေါ့ ။ ကိုယ်သိသလောက်လေးတွေ ၊ ကိုယ့်ခံစားချက်လေးတွေကို blog ပေါ်ကိုတင်ချင်လာတယ် ။ အဲဒီမှာ blog ပိုးဟာ ကျွန်တော့်ကိုယ်ထဲကို စီးဝင်နေပြီ ။အဲဒါနဲ့ တေဇာဝင်း ကို အပူကပ်ပြီး တော့ blog လုပ်နည်းကိုအစ်တော့တယ် ။ အဲဒီကောင်ကလည်းမညည်းမငြူပြောပြပါတယ် ။ အဲဒါကကျွန်တော့် blog ရဲ့ခြေလမ်းအစပေါ့ ။နောက်တော့အခက် အခဲတွေတွေ့တယ် ။ သူကကျွန်တော့်ကို အတော်ကိုကူညီပါတယ် ။ ကျွန်တော့် blog က blog ပေါက်စဖြစ်လာချိန်မှာ မန္တလေးမှာ World Blog Day အတွက် Blog For All seminar ကိုကျင်းပပါတယ်။ ကျွန်တော်လည်း သူ့ကျေးဇူးကြောင့် ထိုပွဲကို blogger တစ်ယော်ကအဖြစ်သွားနိုင်ခဲ့တယ် ။ အဲဒီပွဲပြီးတဲ့နောက် ကျွန်တော်အသိတွေအများကြီးရခဲ့တယ် ။ ကျွန်တော့် blog အဲဒီတော့မှ အတော်ကလေးကို လိုသေးကြောင်းသိရတယ် ။ အဲဒီပွဲကိုဦးစီးကျင်းပသူများထဲမှ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ ဆာဘ ကလည်း ကျွန်တော့်ကိုနောက်ပိုင်းအတော်ကိုပြောပြခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ ကျွန်တော့ blog ကအတော်ကိုအခြေနေကောင်းလာပါတယ်။ ဒါပေမယ့် အတော်ကိုလိုအပ်နေတာကိုတွေ့ရပါတယ် ။ ကျွန်တော်လည်းအတတ်နိုင်ဆုံးကြိုးစားဆဲပါ ။ သြော်.. ကျွန်တော်ပြောဖို့တစ်ခုကျန်ခဲ့ပါတယ် ။ ကျွန်တော့် ရဲ့ blogger ညီအစ်ကိုမောင်နှမတွေကလည်း အကူအညီတစ်ချို့ပေးခဲ့ပါသေးတယ် ။ ကျွန်တော့်ကို ကူညီခဲ့သူများ (ကျွန်တော်ဧ။်ကျေးဇူးရှင်များ) ကိုဒီပို့စ်လေးနဲ့ ကျေးဇူးတင်ကြောင်း ပြောပါရစေဗျာ .

Read More...

Thursday, September 20, 2007

Pre Face

ကျွန်တော်ဒီလိုဖြစ်ရပ်မှန်ဝတ္တုတိုလေးတွေမရေးခင်မှာချင်တာလေးတွေရှိပါတယ် ။ ကျွန်တော်အခုရေးမယ့်ဝတ္တုက(နောက်တင်မယ့်ပို့စ်က) လုပ်ကြံဇာတ်လမ်းမဟုတ်ပါဘူး ။ ကျွန်တော်ကိုယ်တိုင်ကြုံခဲ့တဲ့ သူငယ်ချင်းမပီသတဲ့ သူငယ်ချင်းတွေအကြောင်းပါ။ နာမည်များလည်းမတူပါဘူး ။ ကျွန်တော့်စိတ်ကူးထဲက နာမည်များသာဖြစ်ပါတယ် ။ တိုက်ဆိုင်မှု့ရှိလျှင်ခွင့်လွတ်ပေးကြပါလို့။ နောက် ကျွန်တော်က စာရေးဆရာလည်းမဟုတ်ပါဘူး ။ ဒီပို့စ်လေးကို ကျွန်တော့်ဘ၀ရဲ့အမှတ်တရအဖြစ်တင်ရတာပါ. စာရေးဟန်မလှတာတွေ လှတာတွေကျွန်တော်နားမလည်ပါဘူး ။ အားလုံးကို အနည်းဆုံးအပျင်းပြေစေမယ်ဆိုလျှင် ကျွန်တော် ဒီပို့စ်ကိုတင်ရကျိုးနပ်ပါပြီ ။

Read More...

Friday, September 14, 2007

Warning

ဒီနေ့ကျွန်တော့်ရဲ့အဖြစ်လေးကို နဲနဲလောက်ပြောပြချင်ပါတယ် ။ ကံကောင်းလို့မသေကောင်းပျောက်ကောင်းဗျာ ။ ဒီနေ့ကျွန်တော်ကို ကျွန်တော့်အစ်ကိုက ကျူရှင်လိုက်ပို့တယ်။ ကျူရှင်ကို ဆိုင်ကယ်နဲ့ ၃၁ လမ်းကနေသွားတယ် ။အဲဒီလိုအသွားမှာ ကောင်မလေးတစ်ယောက် (ကျောင်းသူလေးပါ ၊ ၃-တန်းလောက်ပဲရှိမှာပါ) လမ်းမကိုသေချာမကြည့်ပဲရုတ်တရက် လမ်းမပေါ်ကိုထွက်လာတယ် ။ ကျွန်တော်တို့ ဆိုင်ကယ်ကလည်း သာမန်လောက်ပဲမောင်းလာလို့တော် သေးတာပေါ့ဗျာ ။ ခြေထောက်ကိုတိုက်မိသွားတယ် ။ ဒါပေမယ့်ဘာမှမဖြစ်လို့တော်သေးတာပေါ့ဗျာ ။ မဟုတ်လို့ကတော့ ဒီကကောင်တွေ မော်စကို ကိုရောက်နေလောက်ပြီ ။ ကျွန်တော်ပြောချင်တာက မိဘတွေက ကိုယ့်သားသမီးတွေကို လမ်းမပေါ်မှာဒီအတိုင်းပဲ လွတ်ထားကြတယ်ဗျာ ။ ၃-တန်းဆိုတဲ့အရွယ်က ကလေးပဲရှိသေးတယ် ။ ပြီးတော့ ဘာမှသိပ်ပြီးသိသေးတဲ့အရွယ်မဟုတ်သေးဘူး ။ နောက်ပြီး ကျွန်တော်တို့ ဆိုင်ကယ်မောင်းတဲ့သူတွေအနေနဲ့လည်း သတိနဲ့မောင်းတော့ တော်ရုံဆို ဘာမှမဖြစ်တော့ဘူးပေါ့ဗျာ ။ ကျွန်တော်အဲဒီလိုဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးကို နမူနာယူစရာရှိယူရအောင် ပြောပြတာပါ ။

Read More...

Wednesday, September 12, 2007

Genius Solutions !!

... ပညာရှင်များက ဒီလိုတွက်ကြပါတယ် ။ :D မိတ်ဆွေတို့လည်း နည်းယူလို့ရတာပေါ့ဗျာ ။ သူငယ်ချင်းတစ်ယောက်က mail ထဲကိုပို့လိုက်တာ သဘောကျလို့ တင်လိုက်တာပါ ။ :D

Read More...

Tuesday, September 11, 2007

Views

... မန်းမြို့အနီးတစ်ဝိုက်က ရှု့ခင်းများကိုတင်ပြလိုက်ပါတယ်ဗျာ ။

ဒီရွာလေးကအတော်သာယာတယ်ဗျာ။ အဲဒါကျွန်တော့်အစ်ကိုသွားလည်တာ ။ မန္တလေးနားကပဲဗျ ။ ကျွန်တော်သေချာပြန်မေးလိုက်အုံးမယ် ။ ကျွန်တော်လည်းသွားလည်မလို့ ။
လူသွားလမ်းလေး ။ မိုက်တယ်နော် !
ကျေးလက်ဆည်းဆာ ။ သဘာဝဆည်းဆာအလှပေါ့ ။
မန္တလေးနားကရွာလေးပဲဗျ ။ ကျွန်တော်တော့မရောက်ဖူးသေးဘူး ။
ဒီပုံတွေက ကျွန်တော့်အစ်ကို လျှောက်လည်တုန်းကရိုက်ခဲ့တာဗျ ။ ကျွန်တော်တစ်ချို့နေရာတွေမသိဘူး ။ ဒါပေမယ့် ဒီရှု့ခင်းလေးတွေက လှတော့ ကျွန်တော့်ဘော်ဘော်တွေလည်း ခံစားရအောင်လို့ တင်လိုက်တာပါ ။

Read More...

Views Of Mandalay - 2

ရွေမန်းတောင်နှင့် မန်းကျုံး
ရွေမန်းတောင်ပေါ်မှ(အရှေ့တောင်ဖက်သို့)
ရွေမန်းတောင်ပေါ်မှ(အနောက်မြောက်ဖက်သို့)
လွမ်းမောဖွယ်ရာတောင်တန်းပြာ
စစ်ကိုင်းတံတားနှင့်စေတီများ

Read More...

The World

လောကကြီးကတစ်ကယ်မမျှတဘူးဗျာ ။ ကျားကိုသတ်တော့ လူတွေကောင်းဖို့အမဲလိုက်တယ်တဲ့ ။ ကျားကပြန်သတ်တော့ ကျားဆိုးတယ်တဲ့ ။ ဆရာဝန်တွေ ပါရဂူတွေ သုသေတီတွေက စပ်စုတော့ ရှာဖွေတာတဲ့ သာမန်အရပ်သူ အရပ်သားတွေ စပ်စုတော့ စပ်စုတယ်တဲ့ ။ ကိုယ့်ဘာသာကို အေးအေးဆေးဆေး လူတွေနဲ့ အရောမ၀င်တော့ မာနကြီးတယ်တဲ့ ။ ရောရောနှောနှောနေပြန်တော့ ငပေါကြီးတဲ့ ။ လုပ်စရာရှိတာတွေကိုကိုယ့်ဘာသာကိုလုပ်တော့ ချီးကျူးခံရအောင် ဟန်ဆောင်နေတာတဲ့ ။ ဘာမှမလုပ်ပဲ ရေသာခိုတော့လည်း ငပျင်းတဲ့ ။ ဘာလုပ်လုပ် ဘယ်လိုနေနေ အပြောမလွတ် အပြစ်မလွတ်တော့ ဘာလုပ်ရမယ် ကျွန်တော်လည်းမသိတော့ဘူးဗျာ။

Read More...

.ကျွန်တော်က လူတွေကို အကျိုးပြုမယ့် မီးပုံလေးတစ်ခုကိုမွေးခဲ့တယ် ။ အဲဒီမီးပုံလေးဘေးကို ကျွန်တော့်သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ခဲ့တယ် ။ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော်နဲ့မသိတဲ့ သူတို့ရဲ့သူငယ်ချင်းတွေကိုလည်း ထပ်ပြီးတော့ ဖိတ်ခေါ်ခဲ့တယ် ။ အခုတော့ ... မီးပုံလေးဘေးမှာ လူတွေအရမ်းများသွားပြီ။ မီးပုံလေးအတွက်... မီးပုံလေးအတွက်အန္တရာယ် ဖြစ်နိုင်တယ် ။ နောက်ဆုံးတော့ အလိုက်သတိနဲ့ ကျွန်တော်ကိုတိုင်ပဲ မီးပုံလေးကိုငြိမ်းသတ်လိုက်ပါတယ် ။ မီးပုံလေးရေ.... ငါ့ကိုခွင့်လွတ်ပါကွာ ..။ အနာဂတ်တစ်နေရာမှာ ပြန်ဆုံပါရစေလို့ ဆုတောင်းရင်း......... ။

Read More...

Sunday, September 9, 2007

Lessons in Logic

If your father is a poor man,
it is your fate but, if your father-in-law is a poor man, it's your stupidity. ........ I was born intelligent - education ruined me. ......... Practice makes perfect But nobody's perfect. so why practice? ......... If it's true that we are here to help others, then what exactly are the others here for? ......... Since light travels faster than sound, people appear bright until you hear them speak. ......... How come "abbreviated" is such a long word? ......... Money is not everything. There's Mastercard & Visa. .......... One should love animals. They are so tasty. .......... Behind every successful man, there is a woman And behind every unsuccessful man, there are two. .......... Every man should marry. After all, happiness is not the only thing in life. ......... The wise never marry. and when they marry they become otherwise. ......... Success is a relative term. It brings so many relatives. ........ Never put off the work till tomorrow what you can put off today. ........ "Your future depends on your dreams" So go to sleep ......... There should be a better way to start a day Than waking up every morning .......... "Hard work never killed anybody" But why take the risk ........ "Work fascinates me" I can look at it for hours ........ God made relatives; Thank God we can choose our friends. ......... The more you learn, the more you know, The more you know, the more you forget The more you forget, the less you know So.. why learn. .......... A bus station is where a bus stops. A train station is where a train stops. On my desk, I have a work station.... what more can I say........

Read More...

Oh My God !!

...လူတွေက ဘီလူးတွေနဲ့ တစ်ဖြည်းဖြည်းတူလာပါပြီ ။ အခုကျွန်တော်ပြောချင်တာ ဂျပန်ပြည်ကလူတွေ လူသားစားနေကြပြီဗျ ။ အောက်က link မှာကြည့်လိုက် ပါဗျာ ။ လူသားတွေကို အေးအေးဆေးဆေး စိမ်ပြေနပြေနဲ့ သတင်းစားဖတ်ရင်းတောင်မှရောင်းနေလိုက်တာ ။ လူလူချင်းစားရတာကိုသူတို့တစ်တွေ အရသာတွေ့နေကြပြီနဲ့ တူပါတယ် ။ လူသားကချိုတယ်လို့တော့ကြားဖူးတယ် ။ မိတ်ဆွေတို့လည်းသတိထားကြပါဗျာ ။ http://www.twbbs.net.tw/1628823.html

Read More...

My Daddy !

...ကျွန်တော့်အဖေက ကျွန်တော့်ကိုဆုံးမတယ် " ငါ့သား night club တို့ KTV တို့ကိုမသွားနဲ့ ။ အဲဒီကိုသွားရင် မင်း မမြင်သင့်တာတွေကို မြင်ရလိမ့်မယ် ။ မသွားရဘူး ။ ကြားလား ? " ကျွန်တော်ကလည်း မိဘကတားမြစ်တော့ မကောင်းမှန်းလည်းသိတော့ မသွားဖြစ်ပါဘူး ။ တစ်နေ့ ကျတော့ ကျွန်တော့်သူငယ်ချင်းမွေးနေ့ သူကကျွန်တော်တို့ကို night club ကို ခေါ်သွားပါတယ် ။ ကျွန်တော့်အဖေ ပြောတာသွေးထွက်အောင်မှန်တယ် ။ ကျွန်တော်မမြင်သင့်တာကို မြင်ခဲ့ရတယ်ဗျ ။ club အပေါက်ဝမှာ ကျွန်တော့်အဖေကိုသူ့သူငယ်ချင်းတွေနဲ့ ....... ။ ရယ်မောခြင်းဖြင့်ဘ၀ အမောကိုဖြေနိုင်ကြပါစေ ။

Read More...

Friday, September 7, 2007

Views Of Mandalay - 1

ရွေမန်းရဲ့အလှအပ မြင်ကွင်းများကို စုစည်းပြီးတင်ပြလိုက်ပါတယ်ဗျာ ။

ဒီဘုရားကိုဘယ်လိုအမည်တပ်သလဲကျွန်တော်မသိဘူးဗျ ။ ဒါပေမယ့် အလွန်အေးချမ်းတယ် အဲဒီနားတစ်ဝိုကကိုမှာ ။ အဲဒီနားကိုရောက်ရင် ခံစားမှုတစ်မျိုးခံစားရတယ် ။ီ ဦးပိန်တံတားမှာရေကူးကြတယ်။ ပျော်စရာကြီး !
ဦးပိန်တံတားပေါ်မှ ကျောင်းသားလေးများ
စစ်ကိုင်းတံတားကြီးရဲ့အလှ

Read More...

Tuesday, September 4, 2007

Daytime Dreaming

.မိတ်ဆွေတို့ စိတ်ကူးယဉ်ကောင်း ယဉ်ဖူးကြပါလိမ့်မယ် ။ စိတ်ကူးယဉ်တယ်ဆိုတာ စိတ်အပန်းဖြေနည်းတစ်မျိုးပါ။ ပိုက်ဆံလည်းမကုန်၊ ကိုယ့်စိတ်ထဲမှာ ကိုယ်တော့ ဘုရင်လည်းဖြစ်လို့ရတယ်။ အမျိုးမျိုးပေါ့ ။ ဒါပေမယ့် အချိန်ကုန်တယ်။ စိတ်ကူးယဉ်လွန်းရင်မကောင်းတဲ့ ပုံပြင်လေးပြောပြချင်တယ်ဗျာ ။ တော်တော်များများ ကြားဖူးပြီးသား ဖြစ်လောက်ပါတယ် ။ ဒါပေမယ့် မသိသေးသောသူများကို သိစေလိုသောရည်ရွယ်ချက်နဲ့ ဒီ post ကိုတင်လိုက်တာပါ ။.......... တစ်ခါတုန်းက ရွာတစ်ရွာမှာ ဆင်းရဲသားလေးတစ်ယောက်ရှိတယ် ။ အဲဒီဆင်းရဲသားလေးက အရမ်းကို ဆင်းရဲလွန်းတယ်။ သူ့ဆီမှာ ပိုင်ဆိုင်တာဆိုလို့ ဖန်ခွက်လေးတစ်ခုပဲရှိတယ်။ ဆင်းရဲသားလေးက သူအရမ်းကိုချမ်းသာချင်တယ် ။ အဲဒီတော့ဖန်ခွက်လေးကို ကြည့်ရင်း သူက ချမ်းသာနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားတယ် ။ စဉ်းစားရင်းကနေ စိတ်ကူးယဉ်မိသွားတယ် ။ သူ့စိတ်ကူးထဲမှာ သူက သူ့ရဲ့ဖန်ခွက်လေးကို အမြတ်တင်ပြီးရောင်းလိုက်တယ် ။ အဲဒီအမြတ်နဲ့ ဖန်ခွက်နောက်တစ်လုံးဝယ်တယ် ။ ထပ်ရောင်းတယ် ။ အဲဒီလိုနဲ့ သူ့ရဲ့စိတ်ကူးယဉ်ကမ္ဘာထဲမှာ သူက တစ်ဖြည်းဖြည်းနဲ့ ချမ်းသာလာတယ် ။ နောက် သူက ဖန်ခွက်အရောင်းအ၀ယ်လုပ်တဲ့ သူဌေးကြီးဖြစ်သွားတယ်။ သူရဲ့ စည်းစိမ်တွေအရမ်းများတဲ့အတွက် ဘုရင့်ဘဏ္ဌာတော် ထက်တောင်များနေတော့ ဘုရင်ကြီးကတောင်သူ့ ကို ဘုရင့်သမီးတော်နဲ့ လက်ထပ်ပေးလိုက်ရတယ် ။ သူကိုနေ့စဉ်နေ့တိုင်း ဘုရင့်သမီးတော်က ရေဆက်ရတယ် ။ အဲဒီ ရေဆက်လာတဲ့ ဘုရင့်သမီးတော်ကို မကျေနပ်တာနဲ့ လက်နဲ့လှမ်းပြီး ပါးရိုက်လိုက်တယ်။ အဲဒီမှာသူ့ရှေ့မှာတင်ထားတဲ့ ဖန်ခွက်လေးက ကွဲသွားတယ်။ နောက်ဆုံးသူ့ဆီမှာ ဘာမှမရှိတော့ဘူး ။ ... မိတ်ဆွေတို့ဒီပုံပြင်ကိုဖတ်ပြီးသင်္ခန်းစာယူနိုင်ကြပါစေလို့ ဆုတောင်းရင်း ...... ။

Read More...

Family Problems

Two men, one American and an Indian were sitting in a bar drinking shot after shot. The Indian man said to the American, "You know my parents are forcing me to get married to this so called homely girl from a village whom I haven't even met once.We call this arranged marriage.I don't want to marry a woman whom I don't love...I told them that openly and now have a hell lot of family problems." The American said, "Talking about love marriages...I'll tell you my story. I married a widow whom I deeply loved and dated for 3 years. "After a couple of years, my father fell in love with my step-daughter and so my father became my son-in-law and I became my father's father-in-law. My daughter is my mother and my wife my grandmother. More problems occurred when I had a son. My son is my father's brother and so he my uncle. Situations turned worse when my father had a son. Now my father's son i.e. my brother is my grandson. Ultimately, I have become my own grand father and I am my own grandson. And you say you have family problems................Gimme a break

Read More...

Warning !

ကျွန်တော်တို့ အခုအချိန်က မိုးရာသီပါ။ မနေ့က မန္တလေးမှာမိုး ရွာတယ် ။ ဒါပေမယ့် ကျွန်တော်စိတ်မကောင်းဘူးဗျာ ။ တစ်ကယ်ပဲ ။ အခု ကျွန်တော်တို့ ပူလို့ မိုးရွာဖို့တောင့်တကြတယ်။ မိုးရွာတော့ ပျော်ကြတယ် ။ အဲဒါက မသိသေးလို့ပျော်ကြတာပါ ။ တစ်ကယ်တော့ အဲဒီမိုးတွေက မြောက်ဝင်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ပြီးရွာတဲ့ မိုးတွေဗျ ။ ရေခဲတောင်တွေ အရည်ပျော်ရာကနေ တစ်ဆင့်ရွာသွန်းတာကောင်းသလားဗျာ ? ရေခဲတောင်တွေ အရည်ပျော်၊ ပင်လယ်ရေမျက်နှာပြင်မြှင့်တက်၊ ကုန်းနိမ့်ပိုင်းတွေရေလွှမ်း၊ ဆန်ရေစပါးရှားပါး၊ လူတွေသေ ။ တွေးကြည့်ရင် နောင်ဖြစ်လာမယ့် အကျိုးအဆက် တွေက ကြောက်ခမန်းလိလိ ။ ယခုခေတ် ကမ္ဘာကြီးပူနွေးလာပါပြီ ။ အဲဒါကို လူသားတိုင်း ကာကွယ်ရမည့် ၀တ္တရားရှိတယ် ။ တစ်ဦးတစ်ယောက်စီ ကာကွယ်သွားရင် နည်းနည်းလေးများ အများကြီးစုလိုက်သောအခါ အင်အားကြီးလာတဲ့သဘောပါပဲ ။ ဒါကြောင့် ခင်ဗျားတို့ ကျွန်တော်တို့ ရဲ့ပတ်ဝန်းကျင်ကို ခင်ဗျားတို့ ကျွန်တော်တို့ကိုယ်တိုင် ထိန်းသိမ်းကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ် ။

Read More...

Monday, September 3, 2007

I'm who I am .

ကျွန်တော်ဆိုတဲ့ကောင်က ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ကဗျာဆရာလိုလို သီချင်းရေးဆရာလိုလို ။ အဲဒီလို လိုလိုတွေများနေတာဗျ ။ တစ်ခါတစ်ခါစိတ်ပေါက်ရင် ကဗျာရေးတယ် ။ တစ်ခါတစ်ခါ စိတ်ပေါက်ရင် ၀တ္တုဆန်ဆန်စာတွေရေးတယ် ။ ဒါပေမယ့် အဲဒါတွေအားလုံးက အဟောင်းဆိုင်ကိုရောက်သွားတယ်ဗျာ ။ အခု blog ရှိတော့ အဆင်ပြေတာပေါ့ ။ ကျွန်တော် ရေးချင်တာတွေ လူတွေကို တစ်ယောက်စီ လိုက်ပြစရာမလို တော့ပဲ blog ပေါ်တင်ထားတာနဲ့ အဆင်ပြေသွားတယ် ။ blog တွေရှိတာအသိနောက်ကျလိုက်တာဗျာ ။ ဒါပေမယ့် အခုသိတော့လည်း အဆင်ပြေသွားတာပေါ့ ။ ကျွန်တော့် blog မှာ အားလုံးကိုစုံအောင်တင်မယ်ဗျာ ။ ဆေးပညာဆိုင်ရာ အကြောင်းအရာတွေကျန်နေသေးတယ်ဗျ ။ ခေတ်ပေါ် အသုံးဆောင်တွေတော့မတင်တော့ဘူးဗျာ ။ ဒါပေမယ့်မသေချာသေးပါဘူး ။ ကျွန်တော့်မှာအချိန်ရှိမယ်ဆိုရင်တော့ တင်ဖြစ်မှာပါ ။ အတိတ်ကိုပြန်ပြီးတော့ တူးဆွ တာတော့မဟုတ်ဘူးပေါ့ ။ သမိုင်းက ကြောင်းအရာတွေကို နောင်လာနောက်သားတွေသိအောင်လို့ ပြန်လည်တင်ပြရမယ်မဟုတ်လား ? ကျွန်တော့်အကြောင်းတွေထပ်တင်ချင်ပေမယ့် ကျွန်တော့်ဦးလေးကပြောတယ်ဗျ ကျွန်တော့်အကြောင်းတွေကို detail မတင်နဲ့တဲ့ ။ အန္တရာယ်များတယ်တဲ့။ အဲဒါကြောင့်သိပ်မတင်တော့ပါဘူး ။ ဟဲ.. ဟဲ... တင်ရင် လည်း ကောင်းတာလေးတွေပဲ တင်တော့မယ် ။ လူကောင်းလေးလို့ပဲထင်အောင်လို့ပေါ့ဗျာ ။ :P လူတိုင်းမကောင်းနိုင်ပါဘူးဗျာ ။ အဲဒါကတော့အမှန်ပဲ ။ ဘယ်သူမှငြင်းလို့မရဘူး ။ ကုတ်ကမြင်းတွေဆို ပိုဆိုးပေါ့ ။

Read More...

Saturday, September 1, 2007

What's blog !!?

ကျွန်တော်တို့ blogger ဆိုပြီးတော့သာနာမည်ခံတာ တစ်ကယ်တော့ဘာမှသိပ်မသိပါဘူးဗျာ ။ ကျွန်တော် ၃၁- ရက်နေ့က ကျင်းပတဲ့ blogger day seminar ကိုသွားလိုက်တာ တစ်ကယ်ဗဟုသုတရတယ်ဗျာ ။ blog ဆိုတာကို နည်းနည်းပါးပါပိုပြီး သိခဲ့တယ်။ တစ်ကယ်တော့ mdy မှာ world blod day ကိုလုပ်တာ ဒါကပထမဦှးဆုံးအကြိမ်ပါ။ ကျွန်တော် နည်းနည်းပါးပါးပိုသိခဲ့တယ် ။ အဲဒီသိသလောက်လေးကို ဖောက်သည်ချပါရစေဗျာ ။ blog ရဲ့ long form ကတော့ Web Log ဖြစ်ပါတယ် ။ blog ကို ကျွန်တော်တို့ များသောအားဖြင့် google က blogger.com ကနေလုပ်ကြတာများပါတယ် ။တစ်ချို့ blog လုပ်တဲ့ site တွေလည်းရှိပါတယ် ။ ဒါပေမယ့် google ကလူသုံးပိုများတာပေါ့ ။ တစ်ကယ်တော့ google က blog site ကို တစ်ခြား company က၀ယ်လိုက်တာပါ ။ နာမည်တော့ကျွန်တော်မေ့နေတယ် ။ နောက်မှ မေးပြီးဖော်ပြပါမယ် ။ ယနေ့အချိန်ထိ blogger ပေါင်း သန်း ၇၀-ကျော် ရှိနေပါပြီ ။ တစ်ချို့လည်းအဲဒီနေ့ blog seminar ပြီးမှ blog ရေးချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာပြီး ကျွန်တော့်ကိုမေးတဲ့ လူတွေလည်းရှိတယ်ဗျ ။ Blog ကို မိတ်ဆွေတို့ရဲ့ e-mail ကနေတစ်ဆင့်လည်း posting လုပ်လို့ရပါတယ် ။ blog အစားစား ရှိတယ်ဗျ ။ အနုပညာ(art)ဆိုင်ရာ blog ဆိုရင် Artlog ။ ဓာတ်ပုံ(Photo)ဆိုင်ရာ blog ဆိုရင် Photolog ။ ရုပ်ရှင်(Movie)ဆိုင်ရာ blog ဆိုရင် Vlog ။ အဲဒီလိုအစားစားရှိတယ်ဗျ ။ ကျွန်တော့် blog ကိုတော့ အားလုံးပါတဲ့ general blog ဖြစ်အောင်လုပ်မယ်လို့စိတ်ကူးတာပဲဗျာ (စိတ်ကူးသာရှိတာပါဗျာ) ။ ကျွန်တော်ပြောတာတစ်ချို့ကျန်ခဲ့လိမ့်အုံးမယ်ဗျ ။ နောက်မှအဆင်ပြေသလို ထပ်ပြီး ဖြည့်တာပေါ့ဗျာ ။

Read More...

Wednesday, August 29, 2007

I Need Your Love

ငါ့မျက်ဝန်းထဲက မျက်ရည်တွေက မင်းရဲ့အချစ်ကိုငါ ငတ်နေကြောင်း အကောင်းဆုံးသက်သေတွေပဲ ဒီလိုနဲ့ ဆက်နေနေခဲ့တယ် မပျော်တဲ့ဒီဘ၀မှာ အဖော်မဲ့ခဲ့ညနေတွေလည်း ချရေလို့တောင်မှမရလေတော့ ခဏနေဆို ..... ငါ ....... ဘ၀နေကွယ်တော့မယ် ။ ဒါပေမယ့် ငါ့ကို ...... နောက်ဆုံးအချိန်ထိ မျှော်လင့်ခြင်း အလင်းရောင်လေးနဲ့ ရှင်သန်နေခွင့်လေးတော့ပေးပါဟာ ။

Read More...

Shutdown

ကျွန်တော် ကလိတတ်သမျှလေးတွေကို နဲနဲလောက် ဖောက်သည်ချချင်ပါတယ် ။ မိတ်ဆွေတို့အတွက် သိပြီးသားလည်းဖြစ်နိုင်ပါတယ် ။ မည်သို့ပင်ဖြစ်စေ ကျွန်တော့်blog မှာတင်ပြမည်ဟု ဆုံဖြတ်ပြီး ကျွန်တော် ဒီ post ကိုတင်ရခြင်းဖြစ်ပါတယ် ။ တစ်ကယ်တော့ ဒါက shutdown အလွယ်တစ်ကူလုပ်နည်း ဖြစ်ပါတယ်။ အဲဒါကို နောက်အမြင်တစ်မျိုးဘက်က ကြည့်လိုက်တော့နောက်တစ်မျိုးမြင်ရပါတယ် ။ အဲဒီအမြင်နှစ်မျိုးစလုံကို ကျွန်တော် တင်ပြသွားပါမယ်။ ပထမဦးစွာ မိတ်ဆွေရဲ့ desktop ပေါ်မှာ right-click နှိပ်ပြီးတော့ new ထဲက shortcut ကိုရွေးလိုက်ပါ။ အဲဒီမှာ create shortcut ဆိုပြီးတော့ box တစ်ခုကျလာပါလိမ့်မယ် ။ အဲဒီအထဲမှာ shutdown -s -t 0 ကိုရိုက်ထည့်လိုက်ပါ ။ ပြီးတော့ ok ကိုရွေးလိုက်ပါ ။ နောက်တစ်ဆင့်မှာ folder name ကိုတောင်းပါလိမ်မယ် ။ အဲဒီမှာ မိတ်ဆွေက shutdown လို့ရိုက်လိုက်ပါ ။ ပြီးလျှင် finish ကိုရွေးလိုက်ပါ ။ အဲဒါဆိုလျှင် မိတ်ဆွေရဲ့ desktop ပေါ်မှာ icon လေးတစ်ခုအဖြစ်တွေ့ရပါလိမ့်မယ် ။ အဲဒီ icon လေးပေါ်ကို right-click နှိပ်ပြီး properties ကိုဝင်လိုက်ပါ။ properties ထဲကိုရောက်လျှင် change icon ဆိုတာကိုရွေးလိုက်ပါ ။ box တစ်ခုကျလာပါလိမ့်မယ် ။ အဲဒီ box ကို ok ပဲနှိပ်လိုက်ပါ ။ ပြီးတော့ မိတ်ဆွေ shutdown icon ပုံလေးကိုရွေးလိုက်ပါ ။ အဲဒါဆိုရင် မိတ်ဆွေရဲ့ computer ကိုအလွယ်တစ်ကူ shutdown လုပ်လို့ရပါပြီ။ နောက်တစ်မျိုးကတော့ နဲနဲ ယုတ်ပတ်တယ်ဗျ ။ user ကို မိမိရဲ့ computer ကြောင်သွားတယ်လို့ကိုထင်စေပါတယ် ။ အရှေ့ကဖော်ပြခဲ့တဲ့အတိုင်း လုပ်ဆောင်ပြီးတော့ icon ပုံစံရွေးတဲ့နေရာမှာ folder ပုံစံရွေးလိုက်ပါ ။ ပြီးတော့ folder name ကို စိတ်ဝင်စားစရာကောင်းအောင် Don't Open တို့ Don't delete တို့ ပေးလိုက်ပါ ။ အဲဒါဆိုရင်မြင်တဲ့သူတစ်ချို့ကစိတ်ဝင်စားစွာ ဖွင့်ကြည့်ပါလိမ့်မယ် ။ အဲဒီနှစ်ခုရဲ့ကွာခြားချက်ကို သေချာကြည့်ရင်တော့သိနိုင်တယ်ဗျ ။ မိတ်ဆွေတို့ စမ်းသပ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ ။ ကောင်းတဲ့ဘက်ကနေစမ်းသပ်ကြည့်ခိုင်းတာပါဗျာ ။ :D အချိန်တိုအတွင်းမှာ အလုပ်လည်း မရှုပ်ပဲ computer ကိုပိတ်နိုင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီ post ကိုတင်ရခြင်းဖြစ်ပါတယ်ဗျာ ။

Read More...

Sunday, August 26, 2007

Warmly Welcome !

မျှော်သာမျှော်မထူးလေသည် ပေါ်မလာတော့ရူးနေသည် အလွမ်းအဆိပ်နဲ့လူးနေသည့် မြားတစ်စင်းကစူးနေသည်။ ဘာဆက်လုပ်ရမယ်မသိတော့၊ မင်းအဖက်မလုပ်ပေမယ့် မင်းဘေးမှာရှိနေခွင့်လေး လိုချင်တာ ငါ့ကိုငြိုငြင်မလား ? ခင်မင်တာကိုအခွင့်ကောင်းယူမိတဲ့ ငါ့ကိုဘယ်လိုထင်မလဲ ? အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုလည်း ငါကအရှုံးဘက်မှာပဲ နေမှာပါ ။ ဘာဖြစ်ဖြစ်ပြုံးလျက်ပဲ အမုန်းနတ်ရဲ့အငြိုးနဲ့ ထိုးနှက်ခဲ့တဲ့ ဒဏ်ရာက အဖန်တစ်ရာမကသေနိုင်တယ် ။ ပြန်ကာမရနေနိုင်တဲ့ တစ်ချိန်က သူငယ်ချင်းအဖြစ်ကိုငါ တနေခဲ့။ ဘ၀တွေလည်း ကွာခြားနေတဲ့အတွက် ငါမရနေတဲ့ မင်းရဲ့အချစ်ကို တစ်ပါးသူ ရယူသွားလည်း ကျေနပ်စွာနဲ့ နေခဲ့မှာပါ။ ဒါပေမယ့် တစ်နေ့ မင်းလောကကြီးနဲ့ရန်ဖြစ်၊ အားလုံးကမင်းကို ပယ်ပစ်ခဲ့တဲ့အချိန်.. ငါ့ ရင်ခွင်တံခါးက မင်းအတွက် အမြဲဖွင့်ထားပါတယ်။

Read More...

Wednesday, August 22, 2007

The Best Friends !

* 10th Grade * As I sat there in English class, I stared at the girl next to me.She was my so-called "best friend". I stared at her lovely face, nicestyle, and wished she was mine. But she didn't notice me like that, and I knew it. After class, she walked up to me and asked me for the notes she hadmissed the day before, and I handed them to her, She said "thanks" andgave me a kiss on the cheek. I want her to know that I don't want to be just friends, I love her but I'm just too shy, and I don't knowwhy? * 11th Grade * The phone rang. On the other end, it was her. She was in tears,mumbling on and on about how her love had broke her heart. She asked me to come over because she didn't want to be alone, so I did. As Isat next to her on the sofa, I stared at her soft eyes, wishing shewas mine.After2 hours, one Drew Barrymore movie, and three bags of chips, she decided to go to sleep. She looked at me, said "thanks" and gave me akiss on the cheek. I want to tell her, I want her to know that I don'twant to be just friends, I love her but I'm just too shy, and I don't know why. * Senior Year * The day before prom she walked to my locker. "My date is sick" shesaid; he's not going to go well, I didn't have a date, and in 7th grade, we made a promise that if neither of us had dates, we would go to together just as "best friend". So we did.Prom night, after everything was over, I was standing at her frontdoor step! I stared at her as she smiled at me and stared at me withher crystal eyes. I want her to be mine, but she doesn't think of me like that, and I know it. Then she said "I had the best time, thanks!"and gave me a kiss on the cheek. I want to tell her , I want her toknow that I don't want to be just friends, I love her but I'm just too shy and I don't know why !? * Graduation Day * A day passed, then a week, then a month. Before I could blink, it wasgraduation day. I watched as her perfect body floated like an angle upon stage to get her diploma. I wanted her to be mine, but she didn'tnotice me like that, I knew it.Before everyone went home, she came to me in her smock and hat, andcried as I hugged her. Then she lifted her head from my shoulder and said, "you are my best friend, thanks" and gave me a kiss on thecheek. I want to tell her, I want her to know that I don't want to bejust friends, I love her but I'm just too shy , I don't know why? * A Few Years Later * Now I sit in the pews of the Church. That girl is getting married now.I watched her say "I do" and drive off to her new life, married toanother man. I wanted her to be mine, but she didn't see me like that, and I knew it. But before she drove away, she came to me and said "youcame!".She said "thanks" and kissed me on the cheek. I want to tell her , Iwant her to know that I don't want to be just friends, I love her but I'm just too shy, and I don't know why. * Funeral * Years passed, I looked down at the coffin of a girl who used to be my"best friend". At the service, they read a diary entry she had wrote in her high school years. This is what it read:I stare at him wishing he was mine, but he doesn't notice me likethat, and I know it. I want to tell him, I want him to know that Idon't want to be just friends, I love him but I'm just too shy, and I don't know why. I wish he would tell me he loved me!I wish I did too…I thought to my self, and I cried. I love u I love u I love u I love u I love u I love u I love u I love u I love u Dear Friends…It's not a story, If you love someone, then do let the person know, before it's too late.It's better to let the person know, rather than hurting yourself, seeing him/her with someone else. So what if, he/she has someone else in him/her life? The most important thing is that; let him/her be aware that u too love him /her. That's more important.

Read More...

ဥယျာဉ်မှုးတစ်ယောက်ရဲ့ပီတိ

ကျွန်တော့် စိတ်ကူးယျာဉ်အိမ်လေးထဲမှာ ပန်းဥယျာဉ်လေးတစ်ခုရှိတယ်။ ပန်းဥယျာဉ်လေးဆိုတဲ့အတိုင်း ပန်းပင်လေး တစ်ပင်ပဲရှိတယ်ဗျ။ အဲဒီပန်းပင်လေးကို ကျွန်တော် ရေလောင်းတယ်၊ ပေါင်းသင်တယ်၊ မြေသြဇာကျွေးတယ်၊ လှလှပပ ပွင့်ဖူးအောင် ပိုးသတ်ဆေးလည်းဖြန်းတယ်။ ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံကနေ ပြုစုစောင့်ရှောက်ခဲ့တယ်။ အခုပန်းပင်လေးက လှပတဲ့၊ မွှေးပျံတဲ့ ပန်းလေးတစ်ပွင့် ပွင့်လာပြီ။ ချူလိုသူတွေ၊ ပန်လိုသူတွေ ၀ိုင်းဝိုင်းလည်နေကြပြီ။ ဘယ်သူများခူးသွားမလဲလို့ ကျွန်တော့်မှာ အရိပ် တစ်ကြည့်ကြည့်နဲ့ ကြည့်နေရတယ်။ ဒါပေမယ့်လည်း နောက်ဆုံးတော့ ပန်းလေးက သူနှစ်လိုသူရဲ့ ရင်ခွင်ထဲကို ကြွေကျမှာပဲလေ။ နေပူမရှောင် မိုးရွာမရှောင် ပြုစုယုယခဲ့တဲ့ ကျွန်တော့်ကို လူတွေက ပန်းမပန်လိုက်ရလို့ ရှုံးတယ်လို့ပြောကြလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်မရှုံးပါဘူး။ ဥယျာဉ်မှုးတစ်ယောက်ရဲ့ပီတိကို ကျွန်တော်ရလိုက်ပါတယ်။

Read More...

Tuesday, August 21, 2007

L.O.V.E And Marriage

A student asks a teacher, "What is love?" The teacher said, "in order to answer your question, go to the padi field and choose the biggestpadi and come back. But the rule is: you can go through them only once and cannot turn back to pick."The student went to the field, go thru first row, he saw one big padi, but he wonders....may be there is a bigger one later. Then he saw another bigger one... but may be there is a even bigger one waiting for him. Later, when he finished more than half of the padi field, he start to realize that the padi is not as big as the previous one he saw, he know he has missed the biggest one, and he regretted !!!! So, he ended up went back to the teacher with empty hand.The teacher told him, "...this is love... you keep looking for a better one, but when later you realize, you have already miss the person...." "What is marriage then?" the student asked.The teacher said, "in order to answer your question, go to the corn field and choose the biggest corn and come back. Put the rule is: you can go through them only once and cannot turn back to pick."The student went to the corn field, this time he is careful not to repeat the previous mistake, when he reach the middle of the field, he has picked one medium corn that he feel satisfy, and come back to the teacher.The teacher told him, "this time you bring back a corn.... you look for one that is just nice, and you have faith and believe this is the best one you get.... this is marriage

Read More...

Saturday, August 18, 2007

ကျွန်တော်တို့တွေရဲ့ဘဝ

ကျွန်တော်တို့ရဲ့ဘ၀တွေက တစ်ကယ်တော့ ဖဲသမားလက်ထဲက ဖဲချပ်တွေလိုပါပဲ။ နောက်ဖက်ကကြည့်ရင် အားလုံးက အတူတူပါပဲ။ လှန်ကြည့်ရင်တော့ နံပါတ်ကောင်းမကောင်း အပေါ်မှာမူတည်တယ်။ နံပါတ်ကောင်းတဲ့သူတွေကတော့ ကံကောင်းပြီးတော့ သက်သက်သာသာနဲ့ဘ၀ကို လျှောက်ရတယ်။ နံပါတ်မကောင်းတဲ့သူတွေကတော့ ကံဆိုးမှုတွေသာများပြီး ခက်ခက်ခဲခဲဘ၀ ကိုကျောင်းရတယ် ။ ဒါပေမယ့် စိတ်ဓါတ်ကျဖို့မလိုပါဘူး။ ဖဲမကောင်းတာက ကုလားဖန်ထိုးတဲ့သူညံ့လို့ပါ။ ကောင်းတဲ့ဖဲကိုရအောင် ကုလားဖန်ကောင်းကောင်းထိုးပေးရလိမ့်မယ် ။ ကံကောင်းတယ် မကောင်းဘူးဆိုတာ ကုလားဖန်ထိုးတဲ့သူအပေါ်မှာ အများကြီးသက်ရောက်ပါတယ်။ ကျွန်တော်တို့ကုလားဖန်ကောင်းကောင်းထိုးကြပါစို့။

Read More...

Friday, August 17, 2007

My Biography !!

ကျွန်တော်သိတတ်စအရွယ်ကတည်းက ကျွန်တော့်ကိုကျွန်တော် ထိန်းကျောင်းခဲ့ပါတယ်။ ကျွန်တော့်အိမ်နဲ့ ကျောင်းက မန္တလေး အခေါ် ငါးပြလောက်ဝေးတယ်ဗျ။ နေ့တိုင်းကျောင်းကို ခြေလျင်သွားတယ်၊ နေ့လည်ထမင်းပြန်စားတယ်၊ ညနေလည်းခြေလျင်ပြန်တယ်၊ ကျွန်တော်စက်ဘီးကိုစပြီးစီးတတ်တာ ၈-တန်းအရွယ်မှာဗျ ။ ဒီလိုပဲကျူရှင်သွားတယ်။ ကျောင်းကိုတော့ ခြေလျင်ပဲသွားတယ်။ ၁၀-တန်းကြတော့ အဆောင်နေတယ်၊ အဆောင်မှာ လူဆိုးစာရင်း ၀င်တယ်ဗျ။ Top Ten ထဲသာမ၀င်တယ် ၊ လူဆိုးစာရင်းမှာတော့ ထိပ်ကပဲ။ ဒါပေမယ့်ကျွန်တော်ဆယ်တန်းကိုထူးထူးချွန်ချွန်ဖြေဆိုနိုင်ခဲ့တယ်။ ဒီလိုပဲဆယ်တန်းဖြေပြီးတော့အကြီးအကျယ် ဂလေရိုက်ပွဲကြီးကျင်းပကြတယ်။ ခရီးတွေလည်းထွက်တယ်။ သောင်းကျန်းတာမှစုံနေတာပဲ။ ဒါပေမယ့်ကျွန်တော် အသိဥာဏ်မနည်းပါဘူး ။ ယောကျာ်းလေးပဲ အရက်သောက်တယ်(တစ်ခါတစ်လေ) ၊ အပျော်ဖဲရိုက်တယ် (လူစုံရင်) ၊ ရန်ဖြစ်တယ်(စိန်ခေါ်တဲ့သူရှိရင်) ၊ အိမ်ပြန်မအိပ်ဖြစ်ဘူး(သီချင်းတိုက်တဲ့နေ့)။ ဆေးလိပ်ဆိုလည်းသောက်လိုက်တာပဲ၊ လူငယ်ဆိုတော့လက်တည့်စမ်းချင်တာပေါ့။ ဒါပေမယ့် မိန်းမတော့ရှောင်တယ်ဗျာ။ အဲဒါတစ်ခုတော့လက်တည့်စမ်းရဲ့ဘူးခင်ဗျ။ တော်ကြာနေ ဘ၀ပျက်သွားမှ ဟုတ်ပေ့ဖြစ်နေအုံးမယ်။ အခုအရွယ်ထိကျွန်တော်ကိုယ်ကျွန်တော်ထိန်းသိမ်းခဲ့တယ် ။ ထိန်းသိမ်းထားဆဲပဲ။ နောင်လည်းဆက်ပြီးထိန်းသိမ်းထားနိုင်မယ်ထင်ပါတယ်ဗျာ။ ကျွန်တော်ကလူငယ်ဆိုတော့ ဆိုးတယ်၊ ပေတယ်၊ တေတယ်၊ လေတယ်၊ မိုက်တယ်၊ ပွင့်လင်းတယ်၊ သူများတွေလိုကောင်မလေးတွေရှေ့တစ်မျိုး၊ ဘော်ဒါတွေရှေ့ကြတော့တစ်မျိုး၊ မိန်းမလိုမိန်းမရတော့မလုပ်တတ်ဘူးဗျာ။ ကျွန်တော်ထင်တယ်၊ ကျွန်တော့်ကိုကြည့်မရတဲ့သူ၊ ချောင်းရိုက်ချင်တဲ့သူက ကျွန်တော့်ကိုခင်တဲ့ ချစ်တဲ့ သူငယ်ချင်းတွေထက် များလောက်တယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်ကနည်းနည်းတစ်ဇွတ်ထိုးဆန်တယ်။ ပြောရဆိုရလက်ပေါက်ကပ်တယ်။ စိတ်ထဲရှိရင်ရှိတဲ့အတိုင်းပြောချတတ်တယ်ဗျ။ မိတ်ဆွေလည်းကျွန်တော်နဲ့ခင်မယ်ဆိုလည်းကြည့်ပြီးတော့ဆက်ဆံဗျာ။ တော်ကြာနေမိတ်ဆွေကနေ ရန်သူဖြစ်သွားအုံးမယ် ။ :D ဘာပဲဖြစ်ဖြစ်လေ လူဆိုတာ ကိုယ်အားကိုယ်ကိုးပြီး ဘ၀ကိုလျှောက်ရမှာပဲလေ ။

Read More...

Thursday, August 16, 2007

The Ey3

မိုးရွာထဲမှာငါရပ်နေခဲ့မိတယ် တေမိလို မေးလာတဲ့စကားတွေကိုကြိုးစားပြီးဖြေကြည့်ဖို့ အဖြေမရှိလို့ မင်းစိတ်နဲ့ငါ့ရဲ့ကိုယ် လမ်းလျှောက်ရင်မြေမထိသလို အသိတွေ့ရင်ရယ်ပြဖို့ ငါ့ရဲ့သွားတွေစိဖို့ မလွယ်တော့ဘူး။ ချစ်ခဲ့တဲ့ငါ့အချစ်ကမငယ်တော့ဘူး ၊ တစ်ကယ်တော့ရူးတာပါပဲ၊ ငါယုံကြည်နေခဲ့တယ် တစ်နေ့တော့ထူးလာမှာပဲ။ ဒါပေမယ့် ငါမမြင်ခဲ့တာတစ်ခုကိုမှတ်မိခဲ့တယ်၊ ထာဝစဉ်ပဲ ငါလာရင်မဲ့ကာအရူးလိုရပ်ကြည့်ခဲ့တဲ့မင်းရဲ့အသက်မပါတဲ့မျက်နှာပေါ်ကမျက်စိပဲ ။

Read More...

Wednesday, August 15, 2007

The Truth !

The Sun rises in the east , that is the truth ! The Sun goes down in the west , that is the truth ! Everybody must die sometime down the road , that is the truth ! Nowaday , water flooding takes place all over the world , that is the truth ! Nobody knows what is love, that is the truth ! Money can't make everything , that is the truth ! But Money is second GOD , that is the truth ! We have to lead our own life, that is the truth ! That's why never give up the challenges of the world !! Face it !!

Read More...

သိစေချင်တယ်သူငယ်ချင်းရာ !

ခင်မင်တာတစ်ခုတည်းနဲ့ရင်ခွင်မှာစူးနှစ်ခဲ့တဲ့ ဒီဆူးတစ်ချောင်းကိုနင်မြင်မှာလား ?ဆင်ကျီစားတာဆိတ်မခံသာသလို နင်ကျီစားတာကျိတ်ခံတာဒီရင်ကဒဏ်ရာက သိပ်မတန်ပါဘူး မင်းအတွက် ၊ လူတကာကနင်းဖြတ်သွားတဲ့မလှပတဲ့ရသနဲ့အညတရငါက မင်းအတွက် လင်းလက်တဲ့ ကြယ်မဖြစ်တောင် တစ်ကယ်ချစ်တဲ့ငါ့အချစ်ကိုသိစေချင်တယ် သူုငယ်ချင်းရာ။ (သူငယ်ချင်းမလေးတစ်ယောက်သို့ ထာဝရ အမှတ်တရ)

Read More...