ဒီနေ့ကျွန်တော့်ရဲ့အဖြစ်လေးကို နဲနဲလောက်ပြောပြချင်ပါတယ် ။ ကံကောင်းလို့မသေကောင်းပျောက်ကောင်းဗျာ ။ ဒီနေ့ကျွန်တော်ကို ကျွန်တော့်အစ်ကိုက ကျူရှင်လိုက်ပို့တယ်။ ကျူရှင်ကို ဆိုင်ကယ်နဲ့ ၃၁ လမ်းကနေသွားတယ် ။အဲဒီလိုအသွားမှာ ကောင်မလေးတစ်ယောက် (ကျောင်းသူလေးပါ ၊ ၃-တန်းလောက်ပဲရှိမှာပါ) လမ်းမကိုသေချာမကြည့်ပဲရုတ်တရက် လမ်းမပေါ်ကိုထွက်လာတယ် ။ ကျွန်တော်တို့ ဆိုင်ကယ်ကလည်း သာမန်လောက်ပဲမောင်းလာလို့တော် သေးတာပေါ့ဗျာ ။ ခြေထောက်ကိုတိုက်မိသွားတယ် ။ ဒါပေမယ့်ဘာမှမဖြစ်လို့တော်သေးတာပေါ့ဗျာ ။ မဟုတ်လို့ကတော့ ဒီကကောင်တွေ မော်စကို ကိုရောက်နေလောက်ပြီ ။ ကျွန်တော်ပြောချင်တာက မိဘတွေက ကိုယ့်သားသမီးတွေကို လမ်းမပေါ်မှာဒီအတိုင်းပဲ လွတ်ထားကြတယ်ဗျာ ။ ၃-တန်းဆိုတဲ့အရွယ်က ကလေးပဲရှိသေးတယ် ။ ပြီးတော့ ဘာမှသိပ်ပြီးသိသေးတဲ့အရွယ်မဟုတ်သေးဘူး ။ နောက်ပြီး ကျွန်တော်တို့ ဆိုင်ကယ်မောင်းတဲ့သူတွေအနေနဲ့လည်း သတိနဲ့မောင်းတော့ တော်ရုံဆို ဘာမှမဖြစ်တော့ဘူးပေါ့ဗျာ ။ ကျွန်တော်အဲဒီလိုဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးကို နမူနာယူစရာရှိယူရအောင် ပြောပြတာပါ ။
About Me !
- Win Phyo
- Mandalay, Buddhist, Myanmar (Burma)
- I don't know who I am . Do U know Who I am !??
Thanks u for visiting my blog !! Leave comments !
Warmly welcome my friends !! I will appreciate ur comments and bear in my mind ur kindness and friendship !! :D Thanks U all ! I will do my blog my best !!
Friday, September 14, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment