About Me !

Mandalay, Buddhist, Myanmar (Burma)
I don't know who I am . Do U know Who I am !??

Thanks u for visiting my blog !! Leave comments !

Warmly welcome my friends !! I will appreciate ur comments and bear in my mind ur kindness and friendship !! :D Thanks U all ! I will do my blog my best !!

Wednesday, August 29, 2007

Shutdown

ကျွန်တော် ကလိတတ်သမျှလေးတွေကို နဲနဲလောက် ဖောက်သည်ချချင်ပါတယ် ။ မိတ်ဆွေတို့အတွက် သိပြီးသားလည်းဖြစ်နိုင်ပါတယ် ။ မည်သို့ပင်ဖြစ်စေ ကျွန်တော့်blog မှာတင်ပြမည်ဟု ဆုံဖြတ်ပြီး ကျွန်တော် ဒီ post ကိုတင်ရခြင်းဖြစ်ပါတယ် ။ တစ်ကယ်တော့ ဒါက shutdown အလွယ်တစ်ကူလုပ်နည်း ဖြစ်ပါတယ်။ အဲဒါကို နောက်အမြင်တစ်မျိုးဘက်က ကြည့်လိုက်တော့နောက်တစ်မျိုးမြင်ရပါတယ် ။ အဲဒီအမြင်နှစ်မျိုးစလုံကို ကျွန်တော် တင်ပြသွားပါမယ်။ ပထမဦးစွာ မိတ်ဆွေရဲ့ desktop ပေါ်မှာ right-click နှိပ်ပြီးတော့ new ထဲက shortcut ကိုရွေးလိုက်ပါ။ အဲဒီမှာ create shortcut ဆိုပြီးတော့ box တစ်ခုကျလာပါလိမ့်မယ် ။ အဲဒီအထဲမှာ shutdown -s -t 0 ကိုရိုက်ထည့်လိုက်ပါ ။ ပြီးတော့ ok ကိုရွေးလိုက်ပါ ။ နောက်တစ်ဆင့်မှာ folder name ကိုတောင်းပါလိမ်မယ် ။ အဲဒီမှာ မိတ်ဆွေက shutdown လို့ရိုက်လိုက်ပါ ။ ပြီးလျှင် finish ကိုရွေးလိုက်ပါ ။ အဲဒါဆိုလျှင် မိတ်ဆွေရဲ့ desktop ပေါ်မှာ icon လေးတစ်ခုအဖြစ်တွေ့ရပါလိမ့်မယ် ။ အဲဒီ icon လေးပေါ်ကို right-click နှိပ်ပြီး properties ကိုဝင်လိုက်ပါ။ properties ထဲကိုရောက်လျှင် change icon ဆိုတာကိုရွေးလိုက်ပါ ။ box တစ်ခုကျလာပါလိမ့်မယ် ။ အဲဒီ box ကို ok ပဲနှိပ်လိုက်ပါ ။ ပြီးတော့ မိတ်ဆွေ shutdown icon ပုံလေးကိုရွေးလိုက်ပါ ။ အဲဒါဆိုရင် မိတ်ဆွေရဲ့ computer ကိုအလွယ်တစ်ကူ shutdown လုပ်လို့ရပါပြီ။ နောက်တစ်မျိုးကတော့ နဲနဲ ယုတ်ပတ်တယ်ဗျ ။ user ကို မိမိရဲ့ computer ကြောင်သွားတယ်လို့ကိုထင်စေပါတယ် ။ အရှေ့ကဖော်ပြခဲ့တဲ့အတိုင်း လုပ်ဆောင်ပြီးတော့ icon ပုံစံရွေးတဲ့နေရာမှာ folder ပုံစံရွေးလိုက်ပါ ။ ပြီးတော့ folder name ကို စိတ်ဝင်စားစရာကောင်းအောင် Don't Open တို့ Don't delete တို့ ပေးလိုက်ပါ ။ အဲဒါဆိုရင်မြင်တဲ့သူတစ်ချို့ကစိတ်ဝင်စားစွာ ဖွင့်ကြည့်ပါလိမ့်မယ် ။ အဲဒီနှစ်ခုရဲ့ကွာခြားချက်ကို သေချာကြည့်ရင်တော့သိနိုင်တယ်ဗျ ။ မိတ်ဆွေတို့ စမ်းသပ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ ။ ကောင်းတဲ့ဘက်ကနေစမ်းသပ်ကြည့်ခိုင်းတာပါဗျာ ။ :D အချိန်တိုအတွင်းမှာ အလုပ်လည်း မရှုပ်ပဲ computer ကိုပိတ်နိုင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီ post ကိုတင်ရခြင်းဖြစ်ပါတယ်ဗျာ ။

2 comments:

-eI mOn- said...

adi lout tot thi kya par tal...:P

ရန်ကင်း said...

shut down icon choice lote pee lo desktop paw lel youk lar p...dar pay mat shutdown phyit ma thwar bu byar.