ကျွန်တော် blog စရေးဖြစ်တဲ့အဓိက တရားခံကတော့ တေဇာဝင်း ဆိုတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းကြောင့်ဖြစ်ပါတယ် ။ တစ်နေ့ သူနဲ့ကျွန်တော် gtalk မှာတွေ့တော့ သူက ကျွန်တော့်ကို သူ့ရဲ့ blog address ကိုပေးပါတယ်။ ကျွန်တော်လည်း ၀င်ကြည့်တယ် ။ ဘာဘာညာညာပေါ့ ။ ကိုယ်သိသလောက်လေးတွေ ၊ ကိုယ့်ခံစားချက်လေးတွေကို blog ပေါ်ကိုတင်ချင်လာတယ် ။ အဲဒီမှာ blog ပိုးဟာ ကျွန်တော့်ကိုယ်ထဲကို စီးဝင်နေပြီ ။အဲဒါနဲ့ တေဇာဝင်း ကို အပူကပ်ပြီး တော့ blog လုပ်နည်းကိုအစ်တော့တယ် ။ အဲဒီကောင်ကလည်းမညည်းမငြူပြောပြပါတယ် ။ အဲဒါကကျွန်တော့် blog ရဲ့ခြေလမ်းအစပေါ့ ။နောက်တော့အခက် အခဲတွေတွေ့တယ် ။ သူကကျွန်တော့်ကို အတော်ကိုကူညီပါတယ် ။ ကျွန်တော့် blog က blog ပေါက်စဖြစ်လာချိန်မှာ မန္တလေးမှာ World Blog Day အတွက် Blog For All seminar ကိုကျင်းပပါတယ်။ ကျွန်တော်လည်း သူ့ကျေးဇူးကြောင့် ထိုပွဲကို blogger တစ်ယော်ကအဖြစ်သွားနိုင်ခဲ့တယ် ။ အဲဒီပွဲပြီးတဲ့နောက် ကျွန်တော်အသိတွေအများကြီးရခဲ့တယ် ။ ကျွန်တော့် blog အဲဒီတော့မှ အတော်ကလေးကို လိုသေးကြောင်းသိရတယ် ။ အဲဒီပွဲကိုဦးစီးကျင်းပသူများထဲမှ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ ဆာဘ ကလည်း ကျွန်တော့်ကိုနောက်ပိုင်းအတော်ကိုပြောပြခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ ကျွန်တော့ blog ကအတော်ကိုအခြေနေကောင်းလာပါတယ်။ ဒါပေမယ့် အတော်ကိုလိုအပ်နေတာကိုတွေ့ရပါတယ် ။ ကျွန်တော်လည်းအတတ်နိုင်ဆုံးကြိုးစားဆဲပါ ။ သြော်.. ကျွန်တော်ပြောဖို့တစ်ခုကျန်ခဲ့ပါတယ် ။ ကျွန်တော့် ရဲ့ blogger ညီအစ်ကိုမောင်နှမတွေကလည်း အကူအညီတစ်ချို့ပေးခဲ့ပါသေးတယ် ။ ကျွန်တော့်ကို ကူညီခဲ့သူများ (ကျွန်တော်ဧ။်ကျေးဇူးရှင်များ) ကိုဒီပို့စ်လေးနဲ့ ကျေးဇူးတင်ကြောင်း ပြောပါရစေဗျာ .
About Me !
- Win Phyo
- Mandalay, Buddhist, Myanmar (Burma)
- I don't know who I am . Do U know Who I am !??
Thanks u for visiting my blog !! Leave comments !
Saturday, September 22, 2007
Thursday, September 20, 2007
Pre Face
ကျွန်တော်ဒီလိုဖြစ်ရပ်မှန်ဝတ္တုတိုလေးတွေမရေးခင်မှာချင်တာလေးတွေရှိပါတယ် ။ ကျွန်တော်အခုရေးမယ့်ဝတ္တုက(နောက်တင်မယ့်ပို့စ်က) လုပ်ကြံဇာတ်လမ်းမဟုတ်ပါဘူး ။ ကျွန်တော်ကိုယ်တိုင်ကြုံခဲ့တဲ့ သူငယ်ချင်းမပီသတဲ့ သူငယ်ချင်းတွေအကြောင်းပါ။ နာမည်များလည်းမတူပါဘူး ။ ကျွန်တော့်စိတ်ကူးထဲက နာမည်များသာဖြစ်ပါတယ် ။ တိုက်ဆိုင်မှု့ရှိလျှင်ခွင့်လွတ်ပေးကြပါလို့။ နောက် ကျွန်တော်က စာရေးဆရာလည်းမဟုတ်ပါဘူး ။ ဒီပို့စ်လေးကို ကျွန်တော့်ဘ၀ရဲ့အမှတ်တရအဖြစ်တင်ရတာပါ. စာရေးဟန်မလှတာတွေ လှတာတွေကျွန်တော်နားမလည်ပါဘူး ။ အားလုံးကို အနည်းဆုံးအပျင်းပြေစေမယ်ဆိုလျှင် ကျွန်တော် ဒီပို့စ်ကိုတင်ရကျိုးနပ်ပါပြီ ။
Posted by Win Phyo Labels: ပြောပြချင်တာလေးတွေ
Friday, September 14, 2007
Warning
ဒီနေ့ကျွန်တော့်ရဲ့အဖြစ်လေးကို နဲနဲလောက်ပြောပြချင်ပါတယ် ။ ကံကောင်းလို့မသေကောင်းပျောက်ကောင်းဗျာ ။ ဒီနေ့ကျွန်တော်ကို ကျွန်တော့်အစ်ကိုက ကျူရှင်လိုက်ပို့တယ်။ ကျူရှင်ကို ဆိုင်ကယ်နဲ့ ၃၁ လမ်းကနေသွားတယ် ။အဲဒီလိုအသွားမှာ ကောင်မလေးတစ်ယောက် (ကျောင်းသူလေးပါ ၊ ၃-တန်းလောက်ပဲရှိမှာပါ) လမ်းမကိုသေချာမကြည့်ပဲရုတ်တရက် လမ်းမပေါ်ကိုထွက်လာတယ် ။ ကျွန်တော်တို့ ဆိုင်ကယ်ကလည်း သာမန်လောက်ပဲမောင်းလာလို့တော် သေးတာပေါ့ဗျာ ။ ခြေထောက်ကိုတိုက်မိသွားတယ် ။ ဒါပေမယ့်ဘာမှမဖြစ်လို့တော်သေးတာပေါ့ဗျာ ။ မဟုတ်လို့ကတော့ ဒီကကောင်တွေ မော်စကို ကိုရောက်နေလောက်ပြီ ။ ကျွန်တော်ပြောချင်တာက မိဘတွေက ကိုယ့်သားသမီးတွေကို လမ်းမပေါ်မှာဒီအတိုင်းပဲ လွတ်ထားကြတယ်ဗျာ ။ ၃-တန်းဆိုတဲ့အရွယ်က ကလေးပဲရှိသေးတယ် ။ ပြီးတော့ ဘာမှသိပ်ပြီးသိသေးတဲ့အရွယ်မဟုတ်သေးဘူး ။ နောက်ပြီး ကျွန်တော်တို့ ဆိုင်ကယ်မောင်းတဲ့သူတွေအနေနဲ့လည်း သတိနဲ့မောင်းတော့ တော်ရုံဆို ဘာမှမဖြစ်တော့ဘူးပေါ့ဗျာ ။ ကျွန်တော်အဲဒီလိုဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးကို နမူနာယူစရာရှိယူရအောင် ပြောပြတာပါ ။
Posted by Win Phyo Labels: ပြောပြချင်တာလေးတွေ
Wednesday, September 12, 2007
Genius Solutions !!
... ပညာရှင်များက ဒီလိုတွက်ကြပါတယ် ။ :D မိတ်ဆွေတို့လည်း နည်းယူလို့ရတာပေါ့ဗျာ ။ သူငယ်ချင်းတစ်ယောက်က mail ထဲကိုပို့လိုက်တာ သဘောကျလို့ တင်လိုက်တာပါ ။ :D
Posted by Win Phyo Labels: ဖတ်စရာလေးတွေ
Tuesday, September 11, 2007
Views
... မန်းမြို့အနီးတစ်ဝိုက်က ရှု့ခင်းများကိုတင်ပြလိုက်ပါတယ်ဗျာ ။
Posted by Win Phyo Labels: သဘာဝအလှများ
The World
လောကကြီးကတစ်ကယ်မမျှတဘူးဗျာ ။ ကျားကိုသတ်တော့ လူတွေကောင်းဖို့အမဲလိုက်တယ်တဲ့ ။ ကျားကပြန်သတ်တော့ ကျားဆိုးတယ်တဲ့ ။ ဆရာဝန်တွေ ပါရဂူတွေ သုသေတီတွေက စပ်စုတော့ ရှာဖွေတာတဲ့ သာမန်အရပ်သူ အရပ်သားတွေ စပ်စုတော့ စပ်စုတယ်တဲ့ ။ ကိုယ့်ဘာသာကို အေးအေးဆေးဆေး လူတွေနဲ့ အရောမ၀င်တော့ မာနကြီးတယ်တဲ့ ။ ရောရောနှောနှောနေပြန်တော့ ငပေါကြီးတဲ့ ။ လုပ်စရာရှိတာတွေကိုကိုယ့်ဘာသာကိုလုပ်တော့ ချီးကျူးခံရအောင် ဟန်ဆောင်နေတာတဲ့ ။ ဘာမှမလုပ်ပဲ ရေသာခိုတော့လည်း ငပျင်းတဲ့ ။ ဘာလုပ်လုပ် ဘယ်လိုနေနေ အပြောမလွတ် အပြစ်မလွတ်တော့ ဘာလုပ်ရမယ် ကျွန်တော်လည်းမသိတော့ဘူးဗျာ။
Posted by Win Phyo Labels: My Feelings
.ကျွန်တော်က လူတွေကို အကျိုးပြုမယ့် မီးပုံလေးတစ်ခုကိုမွေးခဲ့တယ် ။ အဲဒီမီးပုံလေးဘေးကို ကျွန်တော့်သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ခဲ့တယ် ။ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော်နဲ့မသိတဲ့ သူတို့ရဲ့သူငယ်ချင်းတွေကိုလည်း ထပ်ပြီးတော့ ဖိတ်ခေါ်ခဲ့တယ် ။ အခုတော့ ... မီးပုံလေးဘေးမှာ လူတွေအရမ်းများသွားပြီ။ မီးပုံလေးအတွက်... မီးပုံလေးအတွက်အန္တရာယ် ဖြစ်နိုင်တယ် ။ နောက်ဆုံးတော့ အလိုက်သတိနဲ့ ကျွန်တော်ကိုတိုင်ပဲ မီးပုံလေးကိုငြိမ်းသတ်လိုက်ပါတယ် ။ မီးပုံလေးရေ.... ငါ့ကိုခွင့်လွတ်ပါကွာ ..။ အနာဂတ်တစ်နေရာမှာ ပြန်ဆုံပါရစေလို့ ဆုတောင်းရင်း......... ။
Posted by Win Phyo Labels: My Feelings
Sunday, September 9, 2007
Lessons in Logic
Posted by Win Phyo Labels: ဖတ်စရာလေးတွေ
Oh My God !!
...လူတွေက ဘီလူးတွေနဲ့ တစ်ဖြည်းဖြည်းတူလာပါပြီ ။ အခုကျွန်တော်ပြောချင်တာ ဂျပန်ပြည်ကလူတွေ လူသားစားနေကြပြီဗျ ။ အောက်က link မှာကြည့်လိုက် ပါဗျာ ။ လူသားတွေကို အေးအေးဆေးဆေး စိမ်ပြေနပြေနဲ့ သတင်းစားဖတ်ရင်းတောင်မှရောင်းနေလိုက်တာ ။ လူလူချင်းစားရတာကိုသူတို့တစ်တွေ အရသာတွေ့နေကြပြီနဲ့ တူပါတယ် ။ လူသားကချိုတယ်လို့တော့ကြားဖူးတယ် ။ မိတ်ဆွေတို့လည်းသတိထားကြပါဗျာ ။ http://www.twbbs.net.tw/1628823.html
Posted by Win Phyo Labels: Articles
My Daddy !
...ကျွန်တော့်အဖေက ကျွန်တော့်ကိုဆုံးမတယ် " ငါ့သား night club တို့ KTV တို့ကိုမသွားနဲ့ ။ အဲဒီကိုသွားရင် မင်း မမြင်သင့်တာတွေကို မြင်ရလိမ့်မယ် ။ မသွားရဘူး ။ ကြားလား ? " ကျွန်တော်ကလည်း မိဘကတားမြစ်တော့ မကောင်းမှန်းလည်းသိတော့ မသွားဖြစ်ပါဘူး ။ တစ်နေ့ ကျတော့ ကျွန်တော့်သူငယ်ချင်းမွေးနေ့ သူကကျွန်တော်တို့ကို night club ကို ခေါ်သွားပါတယ် ။ ကျွန်တော့်အဖေ ပြောတာသွေးထွက်အောင်မှန်တယ် ။ ကျွန်တော်မမြင်သင့်တာကို မြင်ခဲ့ရတယ်ဗျ ။ club အပေါက်ဝမှာ ကျွန်တော့်အဖေကိုသူ့သူငယ်ချင်းတွေနဲ့ ....... ။ ရယ်မောခြင်းဖြင့်ဘ၀ အမောကိုဖြေနိုင်ကြပါစေ ။
Posted by Win Phyo Labels: ဖတ်စရာလေးတွေ
Friday, September 7, 2007
Views Of Mandalay - 1
ရွေမန်းရဲ့အလှအပ မြင်ကွင်းများကို စုစည်းပြီးတင်ပြလိုက်ပါတယ်ဗျာ ။
Posted by Win Phyo Labels: သဘာဝအလှများ
Tuesday, September 4, 2007
Daytime Dreaming
.မိတ်ဆွေတို့ စိတ်ကူးယဉ်ကောင်း ယဉ်ဖူးကြပါလိမ့်မယ် ။ စိတ်ကူးယဉ်တယ်ဆိုတာ စိတ်အပန်းဖြေနည်းတစ်မျိုးပါ။ ပိုက်ဆံလည်းမကုန်၊ ကိုယ့်စိတ်ထဲမှာ ကိုယ်တော့ ဘုရင်လည်းဖြစ်လို့ရတယ်။ အမျိုးမျိုးပေါ့ ။ ဒါပေမယ့် အချိန်ကုန်တယ်။ စိတ်ကူးယဉ်လွန်းရင်မကောင်းတဲ့ ပုံပြင်လေးပြောပြချင်တယ်ဗျာ ။ တော်တော်များများ ကြားဖူးပြီးသား ဖြစ်လောက်ပါတယ် ။ ဒါပေမယ့် မသိသေးသောသူများကို သိစေလိုသောရည်ရွယ်ချက်နဲ့ ဒီ post ကိုတင်လိုက်တာပါ ။.......... တစ်ခါတုန်းက ရွာတစ်ရွာမှာ ဆင်းရဲသားလေးတစ်ယောက်ရှိတယ် ။ အဲဒီဆင်းရဲသားလေးက အရမ်းကို ဆင်းရဲလွန်းတယ်။ သူ့ဆီမှာ ပိုင်ဆိုင်တာဆိုလို့ ဖန်ခွက်လေးတစ်ခုပဲရှိတယ်။ ဆင်းရဲသားလေးက သူအရမ်းကိုချမ်းသာချင်တယ် ။ အဲဒီတော့ဖန်ခွက်လေးကို ကြည့်ရင်း သူက ချမ်းသာနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားတယ် ။ စဉ်းစားရင်းကနေ စိတ်ကူးယဉ်မိသွားတယ် ။ သူ့စိတ်ကူးထဲမှာ သူက သူ့ရဲ့ဖန်ခွက်လေးကို အမြတ်တင်ပြီးရောင်းလိုက်တယ် ။ အဲဒီအမြတ်နဲ့ ဖန်ခွက်နောက်တစ်လုံးဝယ်တယ် ။ ထပ်ရောင်းတယ် ။ အဲဒီလိုနဲ့ သူ့ရဲ့စိတ်ကူးယဉ်ကမ္ဘာထဲမှာ သူက တစ်ဖြည်းဖြည်းနဲ့ ချမ်းသာလာတယ် ။ နောက် သူက ဖန်ခွက်အရောင်းအ၀ယ်လုပ်တဲ့ သူဌေးကြီးဖြစ်သွားတယ်။ သူရဲ့ စည်းစိမ်တွေအရမ်းများတဲ့အတွက် ဘုရင့်ဘဏ္ဌာတော် ထက်တောင်များနေတော့ ဘုရင်ကြီးကတောင်သူ့ ကို ဘုရင့်သမီးတော်နဲ့ လက်ထပ်ပေးလိုက်ရတယ် ။ သူကိုနေ့စဉ်နေ့တိုင်း ဘုရင့်သမီးတော်က ရေဆက်ရတယ် ။ အဲဒီ ရေဆက်လာတဲ့ ဘုရင့်သမီးတော်ကို မကျေနပ်တာနဲ့ လက်နဲ့လှမ်းပြီး ပါးရိုက်လိုက်တယ်။ အဲဒီမှာသူ့ရှေ့မှာတင်ထားတဲ့ ဖန်ခွက်လေးက ကွဲသွားတယ်။ နောက်ဆုံးသူ့ဆီမှာ ဘာမှမရှိတော့ဘူး ။ ... မိတ်ဆွေတို့ဒီပုံပြင်ကိုဖတ်ပြီးသင်္ခန်းစာယူနိုင်ကြပါစေလို့ ဆုတောင်းရင်း ...... ။
Posted by Win Phyo Labels: ဖတ်စရာလေးတွေ
Family Problems
Two men, one American and an Indian were sitting in a bar drinking shot after shot. The Indian man said to the American, "You know my parents are forcing me to get married to this so called homely girl from a village whom I haven't even met once.We call this arranged marriage.I don't want to marry a woman whom I don't love...I told them that openly and now have a hell lot of family problems." The American said, "Talking about love marriages...I'll tell you my story. I married a widow whom I deeply loved and dated for 3 years. "After a couple of years, my father fell in love with my step-daughter and so my father became my son-in-law and I became my father's father-in-law. My daughter is my mother and my wife my grandmother. More problems occurred when I had a son. My son is my father's brother and so he my uncle. Situations turned worse when my father had a son. Now my father's son i.e. my brother is my grandson. Ultimately, I have become my own grand father and I am my own grandson. And you say you have family problems................Gimme a break
Posted by Win Phyo Labels: ဖတ်စရာလေးတွေ
Warning !
ကျွန်တော်တို့ အခုအချိန်က မိုးရာသီပါ။ မနေ့က မန္တလေးမှာမိုး ရွာတယ် ။ ဒါပေမယ့် ကျွန်တော်စိတ်မကောင်းဘူးဗျာ ။ တစ်ကယ်ပဲ ။ အခု ကျွန်တော်တို့ ပူလို့ မိုးရွာဖို့တောင့်တကြတယ်။ မိုးရွာတော့ ပျော်ကြတယ် ။ အဲဒါက မသိသေးလို့ပျော်ကြတာပါ ။ တစ်ကယ်တော့ အဲဒီမိုးတွေက မြောက်ဝင်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ပြီးရွာတဲ့ မိုးတွေဗျ ။ ရေခဲတောင်တွေ အရည်ပျော်ရာကနေ တစ်ဆင့်ရွာသွန်းတာကောင်းသလားဗျာ ? ရေခဲတောင်တွေ အရည်ပျော်၊ ပင်လယ်ရေမျက်နှာပြင်မြှင့်တက်၊ ကုန်းနိမ့်ပိုင်းတွေရေလွှမ်း၊ ဆန်ရေစပါးရှားပါး၊ လူတွေသေ ။ တွေးကြည့်ရင် နောင်ဖြစ်လာမယ့် အကျိုးအဆက် တွေက ကြောက်ခမန်းလိလိ ။ ယခုခေတ် ကမ္ဘာကြီးပူနွေးလာပါပြီ ။ အဲဒါကို လူသားတိုင်း ကာကွယ်ရမည့် ၀တ္တရားရှိတယ် ။ တစ်ဦးတစ်ယောက်စီ ကာကွယ်သွားရင် နည်းနည်းလေးများ အများကြီးစုလိုက်သောအခါ အင်အားကြီးလာတဲ့သဘောပါပဲ ။ ဒါကြောင့် ခင်ဗျားတို့ ကျွန်တော်တို့ ရဲ့ပတ်ဝန်းကျင်ကို ခင်ဗျားတို့ ကျွန်တော်တို့ကိုယ်တိုင် ထိန်းသိမ်းကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ် ။
Posted by Win Phyo Labels: Articles
Monday, September 3, 2007
I'm who I am .
ကျွန်တော်ဆိုတဲ့ကောင်က ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ကဗျာဆရာလိုလို သီချင်းရေးဆရာလိုလို ။ အဲဒီလို လိုလိုတွေများနေတာဗျ ။ တစ်ခါတစ်ခါစိတ်ပေါက်ရင် ကဗျာရေးတယ် ။ တစ်ခါတစ်ခါ စိတ်ပေါက်ရင် ၀တ္တုဆန်ဆန်စာတွေရေးတယ် ။ ဒါပေမယ့် အဲဒါတွေအားလုံးက အဟောင်းဆိုင်ကိုရောက်သွားတယ်ဗျာ ။ အခု blog ရှိတော့ အဆင်ပြေတာပေါ့ ။ ကျွန်တော် ရေးချင်တာတွေ လူတွေကို တစ်ယောက်စီ လိုက်ပြစရာမလို တော့ပဲ blog ပေါ်တင်ထားတာနဲ့ အဆင်ပြေသွားတယ် ။ blog တွေရှိတာအသိနောက်ကျလိုက်တာဗျာ ။ ဒါပေမယ့် အခုသိတော့လည်း အဆင်ပြေသွားတာပေါ့ ။ ကျွန်တော့် blog မှာ အားလုံးကိုစုံအောင်တင်မယ်ဗျာ ။ ဆေးပညာဆိုင်ရာ အကြောင်းအရာတွေကျန်နေသေးတယ်ဗျ ။ ခေတ်ပေါ် အသုံးဆောင်တွေတော့မတင်တော့ဘူးဗျာ ။ ဒါပေမယ့်မသေချာသေးပါဘူး ။ ကျွန်တော့်မှာအချိန်ရှိမယ်ဆိုရင်တော့ တင်ဖြစ်မှာပါ ။ အတိတ်ကိုပြန်ပြီးတော့ တူးဆွ တာတော့မဟုတ်ဘူးပေါ့ ။ သမိုင်းက ကြောင်းအရာတွေကို နောင်လာနောက်သားတွေသိအောင်လို့ ပြန်လည်တင်ပြရမယ်မဟုတ်လား ? ကျွန်တော့်အကြောင်းတွေထပ်တင်ချင်ပေမယ့် ကျွန်တော့်ဦးလေးကပြောတယ်ဗျ ကျွန်တော့်အကြောင်းတွေကို detail မတင်နဲ့တဲ့ ။ အန္တရာယ်များတယ်တဲ့။ အဲဒါကြောင့်သိပ်မတင်တော့ပါဘူး ။ ဟဲ.. ဟဲ... တင်ရင် လည်း ကောင်းတာလေးတွေပဲ တင်တော့မယ် ။ လူကောင်းလေးလို့ပဲထင်အောင်လို့ပေါ့ဗျာ ။ :P လူတိုင်းမကောင်းနိုင်ပါဘူးဗျာ ။ အဲဒါကတော့အမှန်ပဲ ။ ဘယ်သူမှငြင်းလို့မရဘူး ။ ကုတ်ကမြင်းတွေဆို ပိုဆိုးပေါ့ ။
Posted by Win Phyo Labels: My Biography
Saturday, September 1, 2007
What's blog !!?
ကျွန်တော်တို့ blogger ဆိုပြီးတော့သာနာမည်ခံတာ တစ်ကယ်တော့ဘာမှသိပ်မသိပါဘူးဗျာ ။ ကျွန်တော် ၃၁- ရက်နေ့က ကျင်းပတဲ့ blogger day seminar ကိုသွားလိုက်တာ တစ်ကယ်ဗဟုသုတရတယ်ဗျာ ။ blog ဆိုတာကို နည်းနည်းပါးပါပိုပြီး သိခဲ့တယ်။ တစ်ကယ်တော့ mdy မှာ world blod day ကိုလုပ်တာ ဒါကပထမဦှးဆုံးအကြိမ်ပါ။ ကျွန်တော် နည်းနည်းပါးပါးပိုသိခဲ့တယ် ။ အဲဒီသိသလောက်လေးကို ဖောက်သည်ချပါရစေဗျာ ။ blog ရဲ့ long form ကတော့ Web Log ဖြစ်ပါတယ် ။ blog ကို ကျွန်တော်တို့ များသောအားဖြင့် google က blogger.com ကနေလုပ်ကြတာများပါတယ် ။တစ်ချို့ blog လုပ်တဲ့ site တွေလည်းရှိပါတယ် ။ ဒါပေမယ့် google ကလူသုံးပိုများတာပေါ့ ။ တစ်ကယ်တော့ google က blog site ကို တစ်ခြား company က၀ယ်လိုက်တာပါ ။ နာမည်တော့ကျွန်တော်မေ့နေတယ် ။ နောက်မှ မေးပြီးဖော်ပြပါမယ် ။ ယနေ့အချိန်ထိ blogger ပေါင်း သန်း ၇၀-ကျော် ရှိနေပါပြီ ။ တစ်ချို့လည်းအဲဒီနေ့ blog seminar ပြီးမှ blog ရေးချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာပြီး ကျွန်တော့်ကိုမေးတဲ့ လူတွေလည်းရှိတယ်ဗျ ။ Blog ကို မိတ်ဆွေတို့ရဲ့ e-mail ကနေတစ်ဆင့်လည်း posting လုပ်လို့ရပါတယ် ။ blog အစားစား ရှိတယ်ဗျ ။ အနုပညာ(art)ဆိုင်ရာ blog ဆိုရင် Artlog ။ ဓာတ်ပုံ(Photo)ဆိုင်ရာ blog ဆိုရင် Photolog ။ ရုပ်ရှင်(Movie)ဆိုင်ရာ blog ဆိုရင် Vlog ။ အဲဒီလိုအစားစားရှိတယ်ဗျ ။ ကျွန်တော့် blog ကိုတော့ အားလုံးပါတဲ့ general blog ဖြစ်အောင်လုပ်မယ်လို့စိတ်ကူးတာပဲဗျာ (စိတ်ကူးသာရှိတာပါဗျာ) ။ ကျွန်တော်ပြောတာတစ်ချို့ကျန်ခဲ့လိမ့်အုံးမယ်ဗျ ။ နောက်မှအဆင်ပြေသလို ထပ်ပြီး ဖြည့်တာပေါ့ဗျာ ။
Posted by Win Phyo Labels: ဖတ်စရာလေးတွေ