About Me !

Mandalay, Buddhist, Myanmar (Burma)
I don't know who I am . Do U know Who I am !??

Thanks u for visiting my blog !! Leave comments !

Warmly welcome my friends !! I will appreciate ur comments and bear in my mind ur kindness and friendship !! :D Thanks U all ! I will do my blog my best !!

Monday, September 3, 2007

I'm who I am .

ကျွန်တော်ဆိုတဲ့ကောင်က ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ကဗျာဆရာလိုလို သီချင်းရေးဆရာလိုလို ။ အဲဒီလို လိုလိုတွေများနေတာဗျ ။ တစ်ခါတစ်ခါစိတ်ပေါက်ရင် ကဗျာရေးတယ် ။ တစ်ခါတစ်ခါ စိတ်ပေါက်ရင် ၀တ္တုဆန်ဆန်စာတွေရေးတယ် ။ ဒါပေမယ့် အဲဒါတွေအားလုံးက အဟောင်းဆိုင်ကိုရောက်သွားတယ်ဗျာ ။ အခု blog ရှိတော့ အဆင်ပြေတာပေါ့ ။ ကျွန်တော် ရေးချင်တာတွေ လူတွေကို တစ်ယောက်စီ လိုက်ပြစရာမလို တော့ပဲ blog ပေါ်တင်ထားတာနဲ့ အဆင်ပြေသွားတယ် ။ blog တွေရှိတာအသိနောက်ကျလိုက်တာဗျာ ။ ဒါပေမယ့် အခုသိတော့လည်း အဆင်ပြေသွားတာပေါ့ ။ ကျွန်တော့် blog မှာ အားလုံးကိုစုံအောင်တင်မယ်ဗျာ ။ ဆေးပညာဆိုင်ရာ အကြောင်းအရာတွေကျန်နေသေးတယ်ဗျ ။ ခေတ်ပေါ် အသုံးဆောင်တွေတော့မတင်တော့ဘူးဗျာ ။ ဒါပေမယ့်မသေချာသေးပါဘူး ။ ကျွန်တော့်မှာအချိန်ရှိမယ်ဆိုရင်တော့ တင်ဖြစ်မှာပါ ။ အတိတ်ကိုပြန်ပြီးတော့ တူးဆွ တာတော့မဟုတ်ဘူးပေါ့ ။ သမိုင်းက ကြောင်းအရာတွေကို နောင်လာနောက်သားတွေသိအောင်လို့ ပြန်လည်တင်ပြရမယ်မဟုတ်လား ? ကျွန်တော့်အကြောင်းတွေထပ်တင်ချင်ပေမယ့် ကျွန်တော့်ဦးလေးကပြောတယ်ဗျ ကျွန်တော့်အကြောင်းတွေကို detail မတင်နဲ့တဲ့ ။ အန္တရာယ်များတယ်တဲ့။ အဲဒါကြောင့်သိပ်မတင်တော့ပါဘူး ။ ဟဲ.. ဟဲ... တင်ရင် လည်း ကောင်းတာလေးတွေပဲ တင်တော့မယ် ။ လူကောင်းလေးလို့ပဲထင်အောင်လို့ပေါ့ဗျာ ။ :P လူတိုင်းမကောင်းနိုင်ပါဘူးဗျာ ။ အဲဒါကတော့အမှန်ပဲ ။ ဘယ်သူမှငြင်းလို့မရဘူး ။ ကုတ်ကမြင်းတွေဆို ပိုဆိုးပေါ့ ။

No comments: