.မိတ်ဆွေတို့ စိတ်ကူးယဉ်ကောင်း ယဉ်ဖူးကြပါလိမ့်မယ် ။ စိတ်ကူးယဉ်တယ်ဆိုတာ စိတ်အပန်းဖြေနည်းတစ်မျိုးပါ။ ပိုက်ဆံလည်းမကုန်၊ ကိုယ့်စိတ်ထဲမှာ ကိုယ်တော့ ဘုရင်လည်းဖြစ်လို့ရတယ်။ အမျိုးမျိုးပေါ့ ။ ဒါပေမယ့် အချိန်ကုန်တယ်။ စိတ်ကူးယဉ်လွန်းရင်မကောင်းတဲ့ ပုံပြင်လေးပြောပြချင်တယ်ဗျာ ။ တော်တော်များများ ကြားဖူးပြီးသား ဖြစ်လောက်ပါတယ် ။ ဒါပေမယ့် မသိသေးသောသူများကို သိစေလိုသောရည်ရွယ်ချက်နဲ့ ဒီ post ကိုတင်လိုက်တာပါ ။.......... တစ်ခါတုန်းက ရွာတစ်ရွာမှာ ဆင်းရဲသားလေးတစ်ယောက်ရှိတယ် ။ အဲဒီဆင်းရဲသားလေးက အရမ်းကို ဆင်းရဲလွန်းတယ်။ သူ့ဆီမှာ ပိုင်ဆိုင်တာဆိုလို့ ဖန်ခွက်လေးတစ်ခုပဲရှိတယ်။ ဆင်းရဲသားလေးက သူအရမ်းကိုချမ်းသာချင်တယ် ။ အဲဒီတော့ဖန်ခွက်လေးကို ကြည့်ရင်း သူက ချမ်းသာနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားတယ် ။ စဉ်းစားရင်းကနေ စိတ်ကူးယဉ်မိသွားတယ် ။ သူ့စိတ်ကူးထဲမှာ သူက သူ့ရဲ့ဖန်ခွက်လေးကို အမြတ်တင်ပြီးရောင်းလိုက်တယ် ။ အဲဒီအမြတ်နဲ့ ဖန်ခွက်နောက်တစ်လုံးဝယ်တယ် ။ ထပ်ရောင်းတယ် ။ အဲဒီလိုနဲ့ သူ့ရဲ့စိတ်ကူးယဉ်ကမ္ဘာထဲမှာ သူက တစ်ဖြည်းဖြည်းနဲ့ ချမ်းသာလာတယ် ။ နောက် သူက ဖန်ခွက်အရောင်းအ၀ယ်လုပ်တဲ့ သူဌေးကြီးဖြစ်သွားတယ်။ သူရဲ့ စည်းစိမ်တွေအရမ်းများတဲ့အတွက် ဘုရင့်ဘဏ္ဌာတော် ထက်တောင်များနေတော့ ဘုရင်ကြီးကတောင်သူ့ ကို ဘုရင့်သမီးတော်နဲ့ လက်ထပ်ပေးလိုက်ရတယ် ။ သူကိုနေ့စဉ်နေ့တိုင်း ဘုရင့်သမီးတော်က ရေဆက်ရတယ် ။ အဲဒီ ရေဆက်လာတဲ့ ဘုရင့်သမီးတော်ကို မကျေနပ်တာနဲ့ လက်နဲ့လှမ်းပြီး ပါးရိုက်လိုက်တယ်။ အဲဒီမှာသူ့ရှေ့မှာတင်ထားတဲ့ ဖန်ခွက်လေးက ကွဲသွားတယ်။ နောက်ဆုံးသူ့ဆီမှာ ဘာမှမရှိတော့ဘူး ။ ... မိတ်ဆွေတို့ဒီပုံပြင်ကိုဖတ်ပြီးသင်္ခန်းစာယူနိုင်ကြပါစေလို့ ဆုတောင်းရင်း ...... ။
About Me !
- Win Phyo
- Mandalay, Buddhist, Myanmar (Burma)
- I don't know who I am . Do U know Who I am !??
Thanks u for visiting my blog !! Leave comments !
Warmly welcome my friends !! I will appreciate ur comments and bear in my mind ur kindness and friendship !! :D Thanks U all ! I will do my blog my best !!
Tuesday, September 4, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment